ဆြမ္းခ်က္သည့္ကိစၥ စကားအေျခအတင္ျဖစ္ရာမွ ေပါက္တူးျဖင့္ ခုတ္သတ္
ဆွမ်းချက်သည့်ကိစ္စ စကားအခြေအတင်ဖြစ်ရာမှ ပေါင်းတူးဖြင့် ခုတ်သတ်မှု တောင်ငူမြို့နယ် ထုံးဘိုနယ်မြေရဲစခန်းအပိုင်၌ ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီလ ၆ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ဦးမောင်မောင်(၇၂ နှစ်)၊ ဒိုးသောင်ကျေးရွာ၊ တောင်ငူမြို့နေသူနှင့် ဇနီးဖြစ်သူ ဒေါ်အုံးရီ(၆၈ နှစ်)တို့သည် ဒိုးသောင်ကျေးရွာ၊ ပဇ္ဇောတကျောင်းတိုက်၌ ဦးစိုးသိန်း(၄၄ နှစ်)၊ သာယာကုန်းကျေးရွာ၊ အုတ်တွင်းမြို့နေသူအား ဆွမ်းချက်သည့်ကိစ္စအား ပုံမကျ၍ ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။
ဦးစိုးသိန်းက ထိုသို့ပြောဆိုသည်ကို မကျေမနပ်ဖြစ်ပြီး ဆွမ်းချက်ဆောင်ဘေးရှိ ပေါက်တူးအားယူ၍ ဦးမောင်မောင်အားခုတ်စဉ် ဝင်တားသည့် ဒေါ်အုန်းရီအား ထပ်မံခုတ်ခဲ့သည်။
ပေါက်တူးဖြင့်ခုတ်ခံရမှုကြောင့် ဒေါ်အုန်းရီ၏ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ(အတွင်းလူနာ/စိုးရိမ်ရ)နှင့် ဦးမောင်မောင်၌ ဦးခေါင်းနောက်စေ့၊ ဝဲ/ယာ လက်ဖျံ ပြတ်ရှဒဏ်ရာ(အတွင်းလူနာ/စိုးရိမ်ရ)တို့ရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးအား တောင်ငူဆေးရုံသို့ တင်ပို့ကုသစဉ် ဦးမောင်မောင်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အမှုမှ တရားခံဟုဆိုသူ ဦးစိုးသိန်းအား ထုံးဘိုနယ်မြေရဲစခန်းမှ (ပ)၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊၃၂၆ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Bago Post
(Zawgyi)
ဆြမ္းခ်က္သည့္ကိစၥ စကားအေျခအတင္ျဖစ္ရာမွ ေပါက္တူးျဖင့္ ခုတ္သတ္
ဇန္နဝါရီ ၆၊ ၂၀၂၀။
ဆြမ္းခ်က္သည့္ကိစၥ စကားအေျခအတင္ျဖစ္ရာမွ ေပါင္းတူးျဖင့္ ခုတ္သတ္မႈ ေတာင္ငူၿမိဳ႕နယ္ ထုံးဘိုနယ္ေျမရဲစခန္းအပိုင္၌ ျဖစ္ပြားခဲ့သည္။
ဇန္နဝါရီလ ၆ ရက္ေန႔ ေန႔လယ္ ၃ နာရီခန႔္က ဦးေမာင္ေမာင္(၇၂ ႏွစ္)၊ ဒိုးေသာင္ေက်းရြာ၊ ေတာင္ငူၿမိဳ႕ေနသူႏွင့္ ဇနီးျဖစ္သူ ေဒၚအုံးရီ(၆၈ ႏွစ္)တို႔သည္ ဒိုးေသာင္ေက်းရြာ၊ ပေဇၨာတေက်ာင္းတိုက္၌ ဦးစိုးသိန္း(၄၄ ႏွစ္)၊ သာယာကုန္းေက်းရြာ၊ အုတ္တြင္းၿမိဳ႕ေနသူအား ဆြမ္းခ်က္သည့္ကိစၥအား ပုံမက်၍ ေျပာဆိုခဲ့ေၾကာင္း ရဲမွတ္တမ္းက ေဖာ္ျပသည္။
ဦးစိုးသိန္းက ထိုသို႔ေျပာဆိုသည္ကို မေက်မနပ္ျဖစ္ၿပီး ဆြမ္းခ်က္ေဆာင္ေဘးရွိ ေပါက္တူးအားယူ၍ ဦးေမာင္ေမာင္အားခုတ္စဥ္ ဝင္တားသည့္ ေဒၚအုန္းရီအား ထပ္မံခုတ္ခဲ့သည္။
ေပါက္တူးျဖင့္ခုတ္ခံရမႈေၾကာင့္ ေဒၚအုန္းရီ၏ ဦးေခါင္းထိပ္ ေပါက္ၿပဲဒဏ္ရာ(အတြင္းလူနာ/စိုးရိမ္ရ)ႏွင့္ ဦးေမာင္ေမာင္၌ ဦးေခါင္းေနာက္ေစ့၊ ဝဲ/ယာ လက္ဖ်ံ ျပတ္ရွဒဏ္ရာ(အတြင္းလူနာ/စိုးရိမ္ရ)တို႔ရရွိခဲ့ၿပီး ၎တို႔ႏွစ္ဦးအား ေတာင္ငူေဆး႐ုံသို႔ တင္ပို႔ကုသစဥ္ ဦးေမာင္ေမာင္မွာ ရရွိေသာဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
အမႈမွ တရားခံဟုဆိုသူ ဦးစိုးသိန္းအား ထုံးဘိုနယ္ေျမရဲစခန္းမွ (ပ)၄/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂၊၃၂၆ တို႔ျဖင့္ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
Bago Post
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home