ကျောင်းအထွေထွေလုပ်သားတစ်ဦး ကျောင်းအိမ်သာအတွင်း ဆွဲကြိုးချ သေဆုံး
ဇန်နဝါရီ ၈၊ ၂၀၂၀။
မဒေါက်မြို့ မြို့မ(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ အိမ်သာအတွင်း ဇန်နဝါရီလ ၈ ရက် နံနက် ၁၀ နာရီခွဲအချိန်က ကျောင်းအထွေထွေလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါကျောင်းဝင်းအတွင်းရှိ အိမ်သာအတွင်း လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း ကျောင်းအုပ်ဆရာမကြီး၏ ဖုန်းဆက်အကြောင်းကြားချက်အရ ညောင်လေးပင်မြို့မရဲစခန်းမှူး၊ မဒေါက်ရဲကင်းစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကျောင်းအထွေထွေလုပ်သားဖြစ်သူ လင်းနိုင်(၃၂ နှစ်)၊ (ဘ)ဦးစိန်ပေါ မြို့မ(၂)ရပ်ကွက်၊ မဒေါက်မြို့နေသူဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
သေဆုံးသူသည် အမြင့် (၇)ပေခန့်ရှိသော အိမ်သာထုတ်တန်းတွင်း အရှည်(၁၈)ပေ၊ လုံးပတ်(၃)မူးလုံးခန့်ရှိသော အစိမ်းရောင်ပီနံကြိုးဖြင့် ကြမ်းပြင်မှ (၁)ပေ(၆)လက်မခန့်အကွာတွင် မျက်လုံးပြူး၊ လျှာထွက်၊ လက်များကုတ်ကွေး၊ သုတ်ထွက်လျက် လည်ပင်းကြိုးပွန်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းက ဆိုသည်။
ကျောင်းအုပ်ဆရာမကြီးအား မေးမြန်းရာ ၎င်းအပေါ့သွားရန် အိမ်သာသို့သွားရောက်စဉ် အိမ်သာအတွင်း၌ လင်းနိုင်ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရခြင်းခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်လေးပင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၀ ဖြင့် အမှုဖွင့်ထားရှိကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - မြတ်သူ
(Zawgyi)
ေက်ာင္းအေထြေထြလုပ္သားတစ္ဦး ေက်ာင္းအိမ္သာအတြင္း ဆြဲႀကိဳးခ် ေသဆုံး
ဇန္နဝါရီ ၈၊ ၂၀၂၀။
မေဒါက္ၿမိဳ႕ ၿမိဳ႕မ(၁)ရပ္ကြက္ အေျခခံပညာအလယ္တန္းေက်ာင္း(ခြဲ)ရွိ အိမ္သာအတြင္း ဇန္နဝါရီလ ၈ ရက္ နံနက္ ၁၀ နာရီခြဲအခ်ိန္က ေက်ာင္းအေထြေထြလုပ္သားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ အဆိုပါေက်ာင္းဝင္းအတြင္းရွိ အိမ္သာအတြင္း လူတစ္ဦးႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း ေက်ာင္းအုပ္ဆရာမႀကီး၏ ဖုန္းဆက္အေၾကာင္းၾကားခ်က္အရ ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွဴး၊ မေဒါက္ရဲကင္းစခန္းမွဴးႏွင့္အဖြဲ႔သည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ေသဆုံးသူမွာ ေက်ာင္းအေထြေထြလုပ္သားျဖစ္သူ လင္းနိုင္(၃၂ ႏွစ္)၊ (ဘ)ဦးစိန္ေပါ ၿမိဳ႕မ(၂)ရပ္ကြက္၊ မေဒါက္ၿမိဳ႕ေနသူျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ေသဆုံးသူသည္ အျမင့္ (၇)ေပခန္႔ရွိေသာ အိမ္သာထုတ္တန္းတြင္း အရွည္(၁၈)ေပ၊ လုံးပတ္(၃)မူးလုံးခန႔္ရွိေသာ အစိမ္းေရာင္ပီနံႀကိဳးျဖင့္ ၾကမ္းျပင္မွ (၁)ေပ(၆)လက္မခန႔္အကြာတြင္ မ်က္လုံးျပဴး၊ လၽွာထြက္၊ လက္မ်ားကုတ္ေကြး၊ သုတ္ထြက္လ်က္ လည္ပင္းႀကိဳးပြန္းဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကိုစစ္ေဆးေတြ႔ရွိခဲ့သည္ဟု ရဲမွတ္တမ္းက ဆိုသည္။
ေက်ာင္းအုပ္ဆရာမႀကီးအား ေမးျမန္းရာ ၎အေပါ့သြားရန္ အိမ္သာသို႔သြားေရာက္စဥ္ အိမ္သာအတြင္း၌ လင္းနိုင္ႀကိဳးဆြဲခ်ေသဆုံးေနသည္ကို ေတြ႔ရျခင္းျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ ၁/၂၀၂၀ ျဖင့္ အမႈဖြင့္ထားရွိကာ ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္မဟုတ္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
သတင္း/ဓာတ္ပုံ - ျမတ္သူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home