Wednesday, January 8, 2020

၂၀၁၉ ခုနှစ်အတွင်း ခွေးရူးကာကွယ်ဆေးထိုးနှံပေးရသူဦးရေ ယခင်နှစ်ထက် ၁၀၀၀ ကျော်ပိုများ





ဇန်နဝါရီ ၈၊ ၂၀၂၀။


ပဲခူးဆေးရုံကြီး၌ ခွေးရူးကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ်အတွင်းထိုးနှံရမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် လူဦးရေ ၁၀၀၀ ကျော် ပိုမိုထိုးနှံပေးခဲ့ရကြောင်း သတင်းရရှိသည်။

ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးရသည့်ဦးရေသည် ၂၀၁၈ ခုနှစ်အတွင်းက ၅၈၀၇ ဦးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၆၉၈၉ ဦးရှိသည့်အတွက် ဆေးထိုးနှံပေးရေသူဦးရေ ၁၁၈၂ ဦး ပိုမိုထိုးနှံခဲ့ရသည်လည်း ဖြစ်သည်။

"ခွေးကိုက်ခံရလို့ ရောက်လာတဲ့သူကို ခွေးရူးပြန်ကာကွယ်ဆေးက လေးကြိမ်ထိုးပေးရပါတယ်။ တစ်ချို့လည်း သုံးကြိမ်ထိုးကြတယ်။ ၂၀၁၈ နိုဝင်ဘာလလောက်ကစပြီး ခွေးကိုက်ခံရတဲ့ဦးရေက တဖြေးဖြေးများလာတယ်။ ကျွန်တော် မြို့နယ်စည်ပင်သာယာရေးကော်မတီတွေနဲ့တိုင်ပင်ပြီး နည်းလမ်းရှာတဲ့အခါ ခွေးလေခွေးလွင့်တွေကိုလည်း စည်ပင်ကနည်းမျိုးစုံသုံးပြီးရှင်းလင်းတယ်ဆိုတာ သိရတယ်။ ၂၀၁၉ ဇွန်လလောက်ကစပြီး ခွေးကိုက်ခံရတဲ့ဦးရေ ပြန်ကျသွားတယ်။ ဒါပေမယ့် ၂၀၁၈ နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ၂၀၁၉ မှာ ပိုများခဲ့တယ်"ဟု ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောသည်။



ခွေးကိုက်ခံရသူများအား ကာကွယ်ဆေးထိုးနှံရာတွင် ပြီးခဲ့သည့် ၂၀၁၈ က လူနာဦးရေ ၅၈၀၇ ဦးအားအကြိမ်ပေါင်း ၂၀၀၀၇ ကြိမ်အတွက် ဆေးအလုံးရေ ၁၀၁၂၉ လုံးနှင့် ၂၀၁၉ တွင် လူနာ ၆၉၈၉ ဦးရှိရာ အကြိမ်ရေပေါင်း ၂၃၂၄၃ ဖြင့်ဆေးအလုံးပေါင်း ၁၁၆၇၆ လုံး ထိုးနှံပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ပဲခူးဆေးရုံကြီးသို့ရောက်ရှိလာသော ခွေးကိုက်ခံရသူဦးရေတိုးလာခြင်းနှင့်အတူ ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးရမှု များပြားလာသည့်အတွက် ကာကွယ်ဆေးအခက်အခဲကိုလည်း လစဉ်ဖြေရှင်းနေရကြောင်း သိရသည်။

ခွေးကိုက်ခံရမှုလျှော့ချနိုင်ရေးကိုရည်ရွယ်၍ ပဲခူးမြို့နယ်စည်ပင်မှ ခွေများအားအဆိပ်ချသတ်သည့်လုပ်ငန်းများလုပ်ကိုင်ခဲ့ရာ ကန့်ကွက်မှုများရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ခွေးမျိုးပွားမှုထိန်းချုပ်နိုင်ရေး သန္ဓေတားဆေးထိုးနှံခြင်းများ လုပ်ဆောင်ခဲ့သည်။

သတင်း/ဓာတ်ပုံ - သန်းဝင်းနိုင်
(Zawgyi)

၂၀၁၉ ခုႏွစ္အတြင္း ေခြးရူးကာကြယ္ေဆးထိုးႏွံေပးရသူဦးေရ ယခင္ႏွစ္ထက္ ၁၀၀၀ ေက်ာ္ပိုမ်ား



ဇန္နဝါရီ ၈၊ ၂၀၂၀။

ပဲခူးေဆးရံုႀကီး၌ ေခြးရူးကာကြယ္ေဆးထိုးႏွံေပးျခင္းႏွင့္ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္အတြင္းထိုးႏွံရမႈမွာ ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္လွ်င္ လူဦးေရ ၁၀၀၀ ေက်ာ္ ပိုမိုထိုးႏွံေပးခဲ့ရေၾကာင္း သတင္းရရွိသည္။

ေခြးရူးျပန္ကာကြယ္ေဆးထိုးႏွံေပးရသည့္ဦးေရသည္ ၂၀၁၈ ခုႏွစ္အတြင္းက ၅၈၀၇ ဦးရွိခဲ့ရာမွ ၂၀၁၉ ခုႏွစ္တြင္ ၆၉၈၉ ဦးရွိသည့္အတြက္ ေဆးထိုးႏွံေပးေရသူဦးေရ ၁၁၈၂ ဦး ပိုမိုထိုးႏွံခဲ့ရသည္လည္း ျဖစ္သည္။

"ေခြးကိုက္ခံရလို႔ ေရာက္လာတဲ့သူကို ေခြးရူးျပန္ကာကြယ္ေဆးက​ ေလးႀကိမ္ထိုးေပးရပါတယ္။ တစ္ခ်ိဳ႕လည္း သုံးႀကိမ္ထိုးၾကတယ္။ ၂၀၁၈ ႏိုဝင္ဘာလေလာက္ကစၿပီး ေခြးကိုက္ခံရတဲ့ဦးေရက တေျဖးေျဖးမ်ားလာတယ္။ ကြ်န္ေတာ္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီေတြနဲ႔တိုင္ပင္ၿပီး နည္းလမ္းရွာတဲ့အခါ ေခြးေလေခြးလြင့္ေတြကိုလည္း စည္ပင္ကနည္းမ်ိဳးစုံသုံးၿပီးရွင္းလင္းတယ္ဆိုတာ သိရတယ္။ ၂၀၁၉ ဇြန္လေလာက္ကစၿပီး ေခြးကိုက္ခံရတဲ့ဦးေရ ျပန္က်သြားတယ္။ ဒါေပမယ့္ ၂၀၁၈ နဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ ၂၀၁၉ မွာ ပိုမ်ားခဲ့တယ္"ဟု ပဲခူးေဆး႐ုံအုပ္ႀကီး ေဒါက္တာရန္ႏိုင္ေမာင္က ေျပာသည္။

ေခြးကိုက္ခံရသူမ်ားအား ကာကြယ္ေဆးထိုးႏွံရာတြင္ ၿပီးခဲ့သည့္ ၂၀၁၈ က လူနာဦးေရ ၅၈၀၇ ဦးအားအႀကိမ္ေပါင္း ၂၀၀၀၇ ႀကိမ္အတြက္ ေဆးအလုံးေရ ၁၀၁၂၉ လုံးႏွင့္ ၂၀၁၉ တြင္ လူနာ ၆၉၈၉ ဦးရွိရာ အႀကိမ္ေရေပါင္း ၂၃၂၄၃ ျဖင့္ေဆးအလုံးေပါင္း ၁၁၆၇၆ လုံး ထိုးႏွံေပးခဲ့ေၾကာင္း ၎က ရွင္းျပသည္။

ပဲခူးေဆးရံုႀကီးသို႔ေရာက္ရွိလာေသာ ေခြးကိုက္ခံရသူဦးေရတိုးလာျခင္းႏွင့္အတူ ေခြးရူးျပန္ကာကြယ္ေဆးထိုးႏွံေပးရမႈ မ်ားျပားလာသည့္အတြက္ ကာကြယ္ေဆးအခက္အခဲကိုလည္း လစဥ္ေျဖရွင္းေနရေၾကာင္း သိရသည္။

ေခြးကိုက္ခံရမႈေလွ်ာ့ခ်ႏိုင္ေရးကိုရည္ရြယ္၍ ပဲခူးၿမိဳ႕နယ္စည္ပင္မွ ေခြမ်ားအားအဆိပ္ခ်သတ္သည့္လုပ္ငန္းမ်ားလုပ္ကိုင္ခဲ့ရာ ကန္႔ကြက္မႈမ်ားရွိခဲ့ၿပီး ယခုေနာက္ပိုင္းတြင္ ေခြးမ်ဳိးပြားမႈထိန္းခ်ဳပ္ႏိုင္ေရး သေႏၶတားေဆးထိုးႏွံျခင္းမ်ား လုပ္ေဆာင္ခဲ့သည္။

သတင္း/ဓာတ္ပုံ - သန္းဝင္းႏိုင္

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home