ဂျပန်ဘုန်းတော်ကြီးလှူဒါန်းသော ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
ဇန်နဝါရီ ၈၊ ၂၀၂၀။
ဂျပန်ဘုန်းတော်ကြီး တိုကို-ဂျိ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပေါင်းတည်မြို့၊ အုတ်ဖို(၁)ရပ်ကွက်၊ ၃၈ လမ်း၌ ကျင်းပခဲ့သည်။
ကျောင်းဆောင်သစ်အား သရက်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းကျောင်းတိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာအောင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထွန်းဇော်မိုးနှင့် အလှူရှင်(ကိုယ်စား)ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ မစ္စဟီတိုရှီအီချီကာဝါတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုင်ရာ တိုင်းဒေသကြီးကော်မတီဥက္ကဋ္ဌ ဘဒ္ဒန္တဇနိန္ဒနှင့်သရက်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းတာဝန်ခံ ဆရာတော်ဘဒ္ဒန္တပညာဝံသတို့က သြဝါဒစကားမိန့်ကြားတော်မူပြီး မစ္စဟီတိုရှီအီချီကာဝါ မြို့နယ်ထွေ/အုပ်ဒုဦးစီးမှူး ဦးစိုးမင်းသူနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သီတာအောင်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့သည်။
အလှူရှင်၏ကိုယ်စားလှယ်တစ်ဦးက ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတန်းများအား လက်မှတ်ရေးထိုးကာ တာဝန်ခံဆရာတော်ထံသို့ လွှဲပြောင်းဆက်ကပ်ခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်မှာ ၆၄ ပေ × ၂၅ ပေရှိ RC တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး စာသင်ခန်း(၄)ခန်းပါဝင်ကာ လွှဲပြောင်းပေးအပ်ပွဲ၌ စာအုပ်စင်တစ်ခုနှင့် စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကိုပါ ထည့်သွင်းလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ကျောင်းဆောင်သစ်လွှဲအပ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံများတက်ရောက်ခဲ့ကြသည်။
ယောဟန်(ပေါင်းတည်)
(Zawgyi)
ဂ်ပန္ဘုန္းေတာ္ႀကီးလွဴဒါန္းေသာ ေက်ာင္းေဆာင္သစ္္ လႊဲေျပာင္းေပးအပ္ပြဲ က်င္းပ
ဇန္နဝါရီ ၈၊ ၂၀၂၀။
ဂ်ပန္ဘုန္းေတာ္ႀကီး တိုကို-ဂ်ိ ေဆာက္လုပ္လွဴဒါန္းေသာ ေက်ာင္းေဆာင္သစ္လႊဲေျပာင္းေပးအပ္ပြဲကို ယမန္ေန႔နံနက္ ၉ နာရီက ေပါင္းတည္ၿမိဳ႕၊ အုတ္ဖို(၁)ရပ္ကြက္၊ ၃၈ လမ္း၌ က်င္းပခဲ့သည္။
ေက်ာင္းေဆာင္သစ္အား သရက္ေတာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းေက်ာင္းတိုက္မွ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲပညာ၀ံသ၊ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမင္းသူ၊ ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚသီတာေအာင္၊ ၿမိဳ႕နယ္စည္ပင္အမႈေဆာင္အရာရွိ ဦးထြန္းေဇာ္မိုးႏွင့္ အလွဴရွင္(ကိုယ္စား)ရွန္တီေစတနာ့ဝန္ထမ္းအဖြဲ႔(SVA)မွ မစၥဟီတိုရွီအီခ်ီကာဝါတို႔က ဖဲႀကိဳးျဖတ္၍ ဖြင့္လွစ္ေပးခဲ့ၾကသည္။
ထို႔ေနာက္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းဆိုင္ရာ တိုင္းေဒသႀကီးေကာ္မတီဥကၠ႒ ဘဒၵႏၲဇနိႏၵႏွင့္သရက္ေတာဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းတာဝန္ခံ ဆရာေတာ္ဘဒၵႏၲပညာဝံသတို႔က ၾသဝါဒစကားမိန္႔ၾကားေတာ္မူၿပီး မစၥဟီတိုရွီအီခ်ီကာဝါ ၿမိဳ႕နယ္ေထြ/အုပ္ဒုဦးစီးမွဴး ဦးစိုးမင္းသူႏွင့္ ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚသီတာေအာင္တို႔က အမွာစကားမ်ား အသီးသီးေျပာၾကားခဲ့သည္။
အလွဴရွင္၏ကိုယ္စားလွယ္တစ္ဦးက ေက်ာင္းေဆာင္သစ္ႏွင့္ပတ္သက္သည့္ စာရြက္စာတန္းမ်ားအား လက္မွတ္ေရးထိုးကာ တာဝန္ခံဆရာေတာ္ထံသို႔ လႊဲေျပာင္းဆက္ကပ္ခဲ့သည္။
အဆိုပါေက်ာင္းေဆာင္သစ္မွာ ၆၄ ေပ × ၂၅ ေပရွိ RC တစ္ထပ္ေက်ာင္းေဆာင္ျဖစ္ၿပီး စာသင္ခန္း(၄)ခန္းပါဝင္ကာ လႊဲေျပာင္းေပးအပ္ပြဲ၌ စာအုပ္စင္တစ္ခုႏွင့္ စာၾကည့္တိုက္အတြက္ စာအုပ္စာေစာင္မ်ားကိုပါ ထည့္သြင္းလွဴဒါန္းခဲ့ၾကေၾကာင္း သိရွိရသည္။
ေက်ာင္းေဆာင္သစ္လႊဲအပ္ပြဲသို႔ လႊတ္ေတာ္ကိုယ္စားလွယ္အပါအဝင္ ဌာနဆိုင္ရာမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ေဒသခံမ်ားတက္ေရာက္ခဲ့ၾကသည္။
ေယာဟန္(ေပါင္းတည္)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home