နတ်တလင်းမြို့တွင် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲ ကျင်းပမည်
ဇန်နဝါရီ ၈၊ ၂၀၂၀
နတ်တလင်းမြို့တွင်ကျင်းပမည့် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်-ပြည်လမ်းရှိ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
အဆိုပါကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ ပန်းချီဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဉာဏ်စမ်းပဟေဠိ၊ စာဖတ်စွမ်းရည်၊ စက္ကူခေါက်ဂိမ်းကစားနည်းများ၊ တေးသရုပ်ဖေါ်အကပဒေသာများ၊ ပန်းချီပြခန်းအသိပညာပေးပြခန်းများ၊ ရှန်တီကလေးစာဖတ်ခန်း စာအုပ်အရောင်းဆိုင်များအပြင် မြို့နယ်အတွင်းရှိ စေတနာရှင်များမှ စတုဒိသာမုန့်နှင့်အချိုရည်များတိုက်ကျွေးလှူဒါန်းများ ပါဝင်မည်ဖြစ်သည်။
အဆိုပါပွဲတော်ကို နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်တွဲလက်များအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်သည်။
ယောဟန်(ပေါင်းတည်)
(Zawgyi)
နတ္တလင္းၿမိဳ႕တြင္ ကေလးစာေပပြဲေတာ္ႏွင့္ စာအုပ္ေစ်းေရာင္းပြဲ က်င္းပမည္
ဇန္နဝါရီ ၈၊ ၂၀၂၀
နတ္တလင္းၿမိဳ႕တြင္က်င္းပမည့္ ကေလးစာေပပြဲေတာ္ႏွင့္ စာအုပ္ေစ်းေရာင္းပြဲေတာ္ကို ရန္ကုန္-ျပည္လမ္းရွိ အထက္တန္းေက်ာင္းတြင္ ဇန္နဝါရီ ၁၁ ရက္ေန႔ နံနက္(၈)နာရီမွ ညေန(၅)နာရီအထိ စည္ကားသိုက္ၿမိဳက္စြာက်င္းပသြားမည္ျဖစ္သည္။
အဆိုပါကေလးစာေပပြဲေတာ္တြင္ ပုံေျပာ၊ ကဗ်ာရြတ္၊ က်ပန္းစကားေျပာ၊ ပန္းခ်ီေဆးေရာင္ျခယ္၊ စကားပုံဆက္၊ အ႐ုပ္ဆက္၊ ဉာဏ္စမ္းပေဟဠိ၊ စာဖတ္စြမ္းရည္၊ စကၠဴေခါက္ဂိမ္းကစားနည္းမ်ား၊ ေတးသ႐ုပ္ေဖၚအကပေဒသာမ်ား၊ ပန္းခ်ီျပခန္းအသိပညာေပးျပခန္းမ်ား၊ ရွန္တီကေလးစာဖတ္ခန္း စာအုပ္အေရာင္းဆိုင္မ်ားအျပင္ ၿမိဳ႕နယ္အတြင္းရွိ ေစတနာရွင္မ်ားမွ စတုဒိသာမုန႔္ႏွင့္အခ်ိဳရည္မ်ားတိုက္ေကၽြးလွဴဒါန္းမ်ား ပါဝင္မည္ျဖစ္သည္။
အဆိုပါပြဲေတာ္ကို နတ္တလင္းၿမိဳ႕နယ္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ အေျခခံပညာဦးစီးဌာန၊ ၿမိဳ႕နယ္တြဲလက္မ်ားအဖြဲ႔ႏွင့္ ၿမိဳ႕နယ္စီမံခန႔္ခြဲမႈေကာ္မတီတို႔ ပူးေပါင္းစီစဥ္က်င္းပျခင္း ျဖစ္သည္။
ေယာဟန္(ေပါင္းတည္)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home