Wednesday, January 8, 2020

(၉၃)ကြိမ်မြောက် ညောင်လေးပင်မြို့လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ


ဇန်နဝါရီ ၈၊ ၂၀၂၀။

ညောင်လေးပင်မြို့တွင် မြို့သူမြို့သားများ ဘေးအန္တရာယ်ခပ်သိမ်းကင်းငြိမ်းစေရန် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးဆိုင်ရာ (၉၃)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကျင်းပလျက်ရှိရာ  ဇန်နဝါရီလ ၈ ရက် ညနေ ၆ နာရီ အချိန်ကစတင်၍  လမ်းရပ်အသီးသီးသို့ ဒေသစာရီလှည့်လည်ပူဇော်ခဲ့ကြောင်း သိရသည်။

 နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီပင့်ဆောင်နေစဉ်အတွင်း သာသနာ့အကျိုးတော်ဆောင်အမျိုးသားများက အင်္ကျီအဖြူဝတ်ဆင်ကြပြီး အမျိုးသမီးပရိတ်အဖွဲ့နှင့်ဝတ်အသင်းဝင်များက အင်္ကျီအဖြူနှင့်ယောဂီထဘီတို့ကိုဝတ်ဆင် ၍ လင်္ကာ၊ သံပေါက်၊ ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်းမပြုဘဲ အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ပဋ္ဌာန်းဒေသနာတော်များနှင့်မေတ္တာပို့များကိုသာ ရွတ်ဆိုပူဇော်ကြသည်။

ပထမနေ့ ဒေသစာရီလှည့်လည်ပူဇော်ရာတွင်  ဆည်မြောင်းစုရပ်မှနေ၍ လမ်းရပ်ကွက်အသီးသီးသို့  ပထမနေ့အစီအစဉ် လမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခဲ့ကြသည်။


ဆက်လက်၍ ဒုတိယနေ့တွင် ရွာသစ်စုရပ်မှလည်ကောင်း၊ တတိယနေ့တွင် ဘုရားကြီးလမ်းစုရပ်မှလည်ကောင်း၊ စတုတ္ထနေ့တွင် စိုက်ပျိုးရေးဂို‌ထောင်ထိပ် စုရပ်မှလည်ကောင်း ဆက်လက်ပူဇော်ကြမည်ဖြစ်ပြီး   မြို့အတွင်း ရပ်ကွက်၊ လမ်းအသီးသီးသို့ လေးရက်တိုင်တိုင်ဒေသစာရီ လှည့်လည်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - မြတ်သူ
#BagoPost

(Zawgyi)

(၉၃)ကြိမ်မြောက် ညောင်လေးပင်မြို့လုံးဆိုင်ရာ  နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ


ဇန်နဝါရီ ၈၊ ၂၀၂၀။

ညောင်လေးပင်မြို့တွင် မြို့သူမြို့သားများ ဘေးအန္တရာယ်ခပ်သိမ်းကင်းငြိမ်းစေရန် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးဆိုင်ရာ (၉၃)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကျင်းပလျက်ရှိရာ  ဇန်နဝါရီလ ၈ ရက် ညနေ ၆ နာရီ အချိန်ကစတင်၍  လမ်းရပ်အသီးသီးသို့ ဒေသစာရီလှည့်လည်ပူဇော်ခဲ့ကြောင်း သိရသည်။

 နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီပင့်ဆောင်နေစဉ်အတွင်း သာသနာ့အကျိုးတော်ဆောင်အမျိုးသားများက အင်္ကျီအဖြူဝတ်ဆင်ကြပြီး အမျိုးသမီးပရိတ်အဖွဲ့နှင့်ဝတ်အသင်းဝင်များက အင်္ကျီအဖြူနှင့်ယောဂီထဘီတို့ကိုဝတ်ဆင် ၍ လင်္ကာ၊ သံပေါက်၊ ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်းမပြုဘဲ အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ပဋ္ဌာန်းဒေသနာတော်များနှင့်မေတ္တာပို့များကိုသာ ရွတ်ဆိုပူဇော်ကြသည်။

ပထမနေ့ ဒေသစာရီလှည့်လည်ပူဇော်ရာတွင်  ဆည်မြောင်းစုရပ်မှနေ၍ လမ်းရပ်ကွက်အသီးသီးသို့  ပထမနေ့အစီအစဉ် လမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယနေ့တွင် ရွာသစ်စုရပ်မှလည်ကောင်း၊ တတိယနေ့တွင် ဘုရားကြီးလမ်းစုရပ်မှလည်ကောင်း၊ စတုတ္ထနေ့တွင် စိုက်ပျိုးရေးဂို‌ထောင်ထိပ် စုရပ်မှလည်ကောင်း ဆက်လက်ပူဇော်ကြမည်ဖြစ်ပြီး   မြို့အတွင်း ရပ်ကွက်၊ လမ်းအသီးသီးသို့ လေးရက်တိုင်တိုင်ဒေသစာရီ လှည့်လည်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - မြတ်သူ
#BagoPost

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home