NCA အကောင်အထည်ဖော်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကရင်တိုင်းရင်းသားများ ဆန္ဒပြ
ဇန်နဝါရီ ၉၊ ၂၀၂၀။
အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)အကောင်အထည်ဖော်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရလိုမှုအတွက် ကျောက်ကြီးဒေသခံ ကရင်တိုင်းရင်းများမှ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒပြတောင်းဆိုမှုကို ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများက ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က အင်အား ၂၀၀ ကျော် ဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးစောတင်ဝင်းက ဒေသခံဌာနေတိုင်းရင်းသား ပြည်သူလူထုများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင့်ကျမှုရှိနေကြသည့်အတွက် ယခုကဲ့သို့ ၎င်းတို့၏အမြင်သဘောထားများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်ဟု ပြောကြားသည်။
ဆန္ဒထုတ်ဖော်သူများသည် ညောင်လေးပင်ခရိုင် KNU ဆက်ဆံရေးရုံးရှေ့မှ ကျောက်ကြီးသံဘိုကျေးရွာကားလမ်းအတိုင်း အမှတ်(၆၀) ခြေလျင်တပ်ရင်းရှေ့အထိ၊ ထိုမှတဆင့် အောင်စိုးမိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့အထိ အသွားအပြန် ထာဝရငြိမ်းချမ်းရေးရရှိရေးစာသား(ကရင်၊ မြန်မာ)ပါ ဗွီနိုင်ဆိုင်ဘုတဆိုင်ဘုတ်များကိုင်ဆောင်၍ အောင်စိုးမိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ အလံနှင်ဗီနိုင်းများစိုက်ထူကာ ဝတ်ပြုဆုတောင်းခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်နေ့က မြို့နယ်ရဲတပ်မှူးရုံးသို့ အသိပေးလျှောက်ထားခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)
(Zawgyi)
NCA အကောင်အထည်ဖော်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကရင်တိုင်းရင်းသားများ ဆန္ဒပြ
ဇန်နဝါရီ ၉၊ ၂၀၂၀။
အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)အကောင်အထည်ဖော်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရလိုမှုအတွက် ကျောက်ကြီးဒေသခံ ကရင်တိုင်းရင်းများမှ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒပြတောင်းဆိုမှုကို ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများက ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က အင်အား ၂၀၀ ကျော် ဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးစောတင်ဝင်းက ဒေသခံဌာနေတိုင်းရင်းသား ပြည်သူလူထုများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင့်ကျမှုရှိနေကြသည့်အတွက် ယခုကဲ့သို့ ၎င်းတို့၏အမြင်သဘောထားများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်ဟု ပြောကြားသည်။
ဆန္ဒထုတ်ဖော်သူများသည် ညောင်လေးပင်ခရိုင် KNU ဆက်ဆံရေးရုံးရှေ့မှ ကျောက်ကြီးသံဘိုကျေးရွာကားလမ်းအတိုင်း အမှတ်(၆၀) ခြေလျင်တပ်ရင်းရှေ့အထိ၊ ထိုမှတဆင့် အောင်စိုးမိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့အထိ အသွားအပြန် ထာဝရငြိမ်းချမ်းရေးရရှိရေးစာသား(ကရင်၊ မြန်မာ)ပါ ဗွီနိုင်ဆိုင်ဘုတဆိုင်ဘုတ်များကိုင်ဆောင်၍ အောင်စိုးမိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ အလံနှင်ဗီနိုင်းများစိုက်ထူကာ ဝတ်ပြုဆုတောင်းခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်နေ့က မြို့နယ်ရဲတပ်မှူးရုံးသို့ အသိပေးလျှောက်ထားခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home