Thursday, January 9, 2020

သနပ်ပင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာရေးလက်တွေ့သရုပ်ပြသ


ဇန်နဝါရီ ၉၊ ၂၀၂၀။  
         
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီက သနပ်ပင်မြို့၌ ပြုလုပ်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့်အဖွဲ့၊  မြို့နယ်ရဲဖွဲ့မှူး ရဲမှူးတင်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာမိုးမြင့်အောင်၊  မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်သူရ၊ စည်ပင်သာယာရေးကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသောပူးပေါင်း အဖွဲ့သည်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလက်တွေ့ သရုပ်ပြခြင်းကို မြို့မဈေးအတွင်း၌ ပြုလုပ်ခဲ့သည်။
     
လက်တွေ့သရုပ်ပြသရာတွင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးက နေအိမ်အဆောက်အဦးများ၊ ဈေးဆိုင်ခန်းများအတွင်း  မီးကူးစက်လောင်းကျွမ်းနိုင်သော  ပစ္စည်းများအား စနစ်တကျထားရှိရန်၊  မီးကိုမလိုအပ်ဘဲ အသုံးမပြုရန်၊ အကယ်၍အသုံးမည်ဆိုပါက စနစ်တကျကိုင်တွယ်အသုံးပြုရန် စသည့်အချက်များအား တက်ရောက်လာသော တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍   မီးလောင်ရာတွင် မီးသတ်ပိုက်ဖြင့်ရေးဖြန်းသတ်ပုံသရုပ်ပြခြင်း၊ ဒယ်အိုးအတွင်းမီးလောင်လျင်မီးငြိမ်းသတ်ပုံသရုပ်ခြင်း၊  ဂက်စ်အိုးမီးလောင်လျှင် မီးငြိမ်းသတ်ပုံသရုပ်ပြသခြင်းများအား လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မွန်ထွီ(သနပ်ပင်)

(Zawgyi)

သနပ်ပင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာရေးလက်တွေ့သရုပ်ပြသ


ဇန်နဝါရီ ၉၊ ၂၀၂၀။
         
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီက သနပ်ပင်မြို့၌ ပြုလုပ်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့်အဖွဲ့၊  မြို့နယ်ရဲဖွဲ့မှူး ရဲမှူးတင်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာမိုးမြင့်အောင်၊  မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်သူရ၊ စည်ပင်သာယာရေးကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသောပူးပေါင်း အဖွဲ့သည်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလက်တွေ့ သရုပ်ပြခြင်းကို မြို့မဈေးအတွင်း၌ ပြုလုပ်ခဲ့သည်။
     
လက်တွေ့သရုပ်ပြသရာတွင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးက နေအိမ်အဆောက်အဦးများ၊ ဈေးဆိုင်ခန်းများအတွင်း  မီးကူးစက်လောင်းကျွမ်းနိုင်သော  ပစ္စည်းများအား စနစ်တကျထားရှိရန်၊  မီးကိုမလိုအပ်ဘဲ အသုံးမပြုရန်၊ အကယ်၍အသုံးမည်ဆိုပါက စနစ်တကျကိုင်တွယ်အသုံးပြုရန် စသည့်အချက်များအား တက်ရောက်လာသော တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍   မီးလောင်ရာတွင် မီးသတ်ပိုက်ဖြင့်ရေးဖြန်းသတ်ပုံသရုပ်ပြခြင်း၊ ဒယ်အိုးအတွင်းမီးလောင်လျင်မီးငြိမ်းသတ်ပုံသရုပ်ခြင်း၊  ဂက်စ်အိုးမီးလောင်လျှင် မီးငြိမ်းသတ်ပုံသရုပ်ပြသခြင်းများအား လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မွန်ထွီ(သနပ်ပင်)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home