Thursday, January 9, 2020

ပဲခူးမြို့ လူမှုဝန်ထမ်းမူကြိုကျောင်းရှေ့ရှိ ဆိုင်ခန်းများအား ဖယ်ရှား


ဇန်နဝါရီ ၉၊ ၂၀၂၀။

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်း၊ လူမှုဝန်ထမ်းမူကြိုကျောင်းရှေ့မှ ဆိုင်ခန်း(၈)ခန်းအား ယနေ့နံနက်အစောပိုင်းတွင် သက်ဆိုင်ရာအာဏာပိုင်များက ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

အဆိုပါဆိုင်ခန်းများသည် အစိုးရမှ အငှားချထားပေးသောဆိုင်ခန်းများဖြစ်ပြီး ဖယ်ရှားမည့်ကိစ္စနှင့်စပ်လျဉ်း၍
ဦးအင်းစိန် ပါ(၆)ဦးက ၂၀၁၉ ခုနှစ်အတွင်း အသနားခံစာတင်ပြခဲ့ကြသည်။

ယင်းအသနားခံစာတင်ပြမှုကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညှိနှိုင်းဆောင်ရွက်ပေးရန် စာပေးပို့မှုလည်း ရှိခဲ့သည်။

သတင်း - သန်းဝင်းနိုင်

(Zawgyi)

ပဲခူးမြို့ လူမှုဝန်ထမ်းမူကြိုကျောင်းရှေ့ရှိ ဆိုင်ခန်းများအား ဖယ်ရှား

ဇန်နဝါရီ ၉၊ ၂၀၂၀။

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်း၊ လူမှုဝန်ထမ်းမူကြိုကျောင်းရှေ့မှ ဆိုင်ခန်း(၈)ခန်းအား ယနေ့နံနက်အစောပိုင်းတွင် သက်ဆိုင်ရာအာဏာပိုင်များက ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

အဆိုပါဆိုင်ခန်းများသည် အစိုးရမှ အငှားချထားပေးသောဆိုင်ခန်းများဖြစ်ပြီး ဖယ်ရှားမည့်ကိစ္စနှင့်စပ်လျဉ်း၍
ဦးအင်းစိန် ပါ(၆)ဦးက ၂၀၁၉ ခုနှစ်အတွင်း အသနားခံစာတင်ပြခဲ့ကြသည်။

ယင်းအသနားခံစာတင်ပြမှုကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညှိနှိုင်းဆောင်ရွက်ပေးရန် စာပေးပို့မှုလည်း ရှိခဲ့သည်။

သတင်း - သန်းဝင်းနိုင်

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home