Thursday, January 9, 2020

ပညာရေးဝန်ကြီးအား ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်၍ ကန့်ကွက်


ဇန်နဝါရီ ၉၊ ၂၀၂၀။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား တောင်ငူပညာရေးကောလိပ်ရှိ ကျောင်းသားများက ဖဲကြိုးအစိမ်းကမ်းပိန်းပြုလုပ်၍ ဇန်နဝါရီ ၉ ရက်(ယနေ့)နံနက်က ကန့်ကွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကမ်ပိန်းပြုလုပ်ရခြင်းမှာ  ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှစပြီး အခြေခံပညာကျောင်းများ၏ ပညာသင်နှစ်အား မတ်လအထိတိုးမြင့်သွားမည့်အကြောင်း ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့၏ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အောက်ခြေ၏ဆန္ဒမပါဘဲ စာသင်ချိန်တိုးမြင့်ခြင်းအား ဆက်လက်လုပ်ဆောင်နေပါက တောင်ငူပညာရေးကောလိပ်အနေဖြင့်  ပြင်းထန်းသည့်ကန့်ကွက်မှု ကမ်ပိန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်စ၍ အခြေခံကျောင်းများအား  စာသင်ချိန်တိုးမြင့်မည့်အပေါ်  နိုင်ငံတဝှမ်းရှိ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများမှ  ကန့်ကွက်မှုများလည်း ရှိနေသည်။

နေလင်းအောင်(တောင်ငူ)

(Zawgyi)

ပညာရေးဝန်ကြီးအား  ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်၍ ကန့်ကွက်


ဇန်နဝါရီ ၉၊ ၂၀၂၀။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား တောင်ငူပညာရေးကောလိပ်ရှိ ကျောင်းသားများက ဖဲကြိုးအစိမ်းကမ်းပိန်းပြုလုပ်၍ ဇန်နဝါရီ ၉ ရက်(ယနေ့)နံနက်က ကန့်ကွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကမ်ပိန်းပြုလုပ်ရခြင်းမှာ  ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှစပြီး အခြေခံပညာကျောင်းများ၏ ပညာသင်နှစ်အား မတ်လအထိတိုးမြင့်သွားမည့်အကြောင်း ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့၏ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အောက်ခြေ၏ဆန္ဒမပါဘဲ စာသင်ချိန်တိုးမြင့်ခြင်းအား ဆက်လက်လုပ်ဆောင်နေပါက တောင်ငူပညာရေးကောလိပ်အနေဖြင့်  ပြင်းထန်းသည့်ကန့်ကွက်မှု ကမ်ပိန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်စ၍ အခြေခံကျောင်းများအား  စာသင်ချိန်တိုးမြင့်မည့်အပေါ်  နိုင်ငံတဝှမ်းရှိ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများမှ  ကန့်ကွက်မှုများလည်း ရှိနေသည်။

နေလင်းအောင်(တောင်ငူ)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home