လောင်းကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီး၊ ဆိုင်ကယ် ၁၈ စီးနှင့် လူ ၃ ဦး ဖမ်းမိ
ဇန်နဝါရီ ၁၀၊ ၂၀၂၀။
သဲကုန်းမြို့တွင် လောင်ကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် ၁၈ စီးနှင့် လူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ညပိုင်းက သဲကုန်းမြို့၊ မြို့မရပ်ကွက်၊ ဆန်စက်ဝန်းနောက်ကျောဘက် လယ်ကွင်းသွားသည့်လမ်းတွင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့၊ ပေါင်းတလည်နယ်မြေစခန်းမှူးနှင့်အဖွဲ့၊ ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လောင်းကစားနေရာတွင် ခိုင်ထူး ကွေ့တက်ကျေးရွာအုပ်စု၊ ရဲကျော် ညောင်ဝင်းကျေးရွာအုပ်စု၊ ချမ်းကိုကို သိမ်ကုန်းကျေးရွာအုပ်စု သဲကုန်းမြိုနယ်နေသူများအား ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသောပစ္စည်းများ၊ လောင်းကြေးငွေစက္ကူမျိုးစုံ ကျပ်နှစ်သိန်းခွဲ(၂၅၀,၀၀၀)၊ ဆိုင်ကယ်မျိုးစုံ ၁၈ စီးနှင့် စက်ဘီး ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိထားသူ ၃ ဦးအား သဲကုန်းမြို့မရဲစခန်းမှ (ပ)၄/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
Socuce - N-L(TGA)
(Zawgyi)
လောင်းကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီး၊ ဆိုင်ကယ် ၁၈ စီးနှင့် လူ ၃ ဦး ဖမ်းမိ
ဇန်နဝါရီ ၁၀၊ ၂၀၂၀။
သဲကုန်းမြို့တွင် လောင်ကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် ၁၈ စီးနှင့် လူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ညပိုင်းက သဲကုန်းမြို့၊ မြို့မရပ်ကွက်၊ ဆန်စက်ဝန်းနောက်ကျောဘက် လယ်ကွင်းသွားသည့်လမ်းတွင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့၊ ပေါင်းတလည်နယ်မြေစခန်းမှူးနှင့်အဖွဲ့၊ ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လောင်းကစားနေရာတွင် ခိုင်ထူး ကွေ့တက်ကျေးရွာအုပ်စု၊ ရဲကျော် ညောင်ဝင်းကျေးရွာအုပ်စု၊ ချမ်းကိုကို သိမ်ကုန်းကျေးရွာအုပ်စု သဲကုန်းမြိုနယ်နေသူများအား ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသောပစ္စည်းများ၊ လောင်းကြေးငွေစက္ကူမျိုးစုံ ကျပ်နှစ်သိန်းခွဲ(၂၅၀,၀၀၀)၊ ဆိုင်ကယ်မျိုးစုံ ၁၈ စီးနှင့် စက်ဘီး ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိထားသူ ၃ ဦးအား သဲကုန်းမြို့မရဲစခန်းမှ (ပ)၄/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
Socuce - N-L(TGA)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home