Thursday, January 9, 2020

လူထုတွေ့ဆုံပွဲများတွင် ချေးငွေနှင့် လမ်းတံတားကိစ္စများကို အဓိကထားတောင်းဆို


ဇန်နဝါရီ ၉၊ ၂၀၂၀။

အစိုးရနှင့် ပြည်သူလူထုတွေ့ဆုံပွဲများတွင် ဒေသခံများက ချေးငွေနှင့် လမ်းတံတားဆိုင်ရာကိစ္စရပ်များကို အဓိကထား တောင်းဆိုကြသည်ဟု တိုင်းအစိုးရ လယ်/ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောသည်။

ဇန်နဝါရီလ ၉ ရက် ယနေ့တွင် ပဲခူးမြို့ တိုင်းသမဝါယမဦးစီးဌာန၌ ပြုလုပ်သော အသေးစားအရင်းအနှီးချေးငွေ(Micro Capital Lones)ပေးအပ်ပွဲ အမှာစကားပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံသားများ၏လိုအပ်ချက်သည် အရင်းအနှီးဖြစ်ကြောင်း၊ ဒေသခံများနှင့်တွေ့ဆုံပွဲများတွင် ချေးငွေနှင့် လမ်းတံတားကိစ္စရပ်များအား အဓိက တောင်းဆိုကြကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တောင်သူအချို့မှာ ချေးငွေယူရန် စဉ်းစားကြသော်လည်း ငွေ၏လည်ပတ်မှုသဘောသဘာဝကို နားလည်ရန် ခက်ခဲသည့်အတွက် အသင်းသားများက လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားရန်လိုအပ်ပြီး အသင်းစုများ၏ လုပ်ငန်းများနှင့်ပတ်သက်ပြီး အခြေခံလူတန်းစားများထံသို့ ထိရောက်မှန်ကန်စွာ ချေးငွေပေးအပ်နိုင်ရေး လိုအပ်သည်ဟု ဝန်ကြီးဦးအောင်ဇော်နိုင်က ပြောကြားခဲ့သည်။

ယနေ့ပေးအပ်သော ချေးငွေများမှာ သမဝါယမအသင်းသားများထံသို့ (၁၃)ကြိမ်မြောက်ပေးအပ်ခြင်း ဖြစ်ပြီး ခရိုင်အလိုက် အသေးစားအရင်းအနှီးငွေ၊ Hire Purchase(HP)နှင့် မသန်စွမ်း သမအသင်းများအပါအဝင် ချေးငွေစုစုပေါင်း ကျပ်သန်းပေါင်းရှစ်သောင်းကျော်(၈၉၂၅၈.၃၉၂)အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး သမဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဦးသူရိန်ချစ်ဆွေအပါအဝင် မြို့နယ်အသီးသီးမှ သမအသင်းသားများ တက်ရောက်ခဲ့ကြသည်။

Source - ပဲခူး(စိုက်မွေးဆည်)
(Zawgyi)

လူထုေတြ႔ဆုံပြဲမ်ားတြင္ ေခ်းေငြႏွင့္ လမ္းတံတားကိစၥမ်ားကို အဓိကထားေတာင္းဆို

ဇန္နဝါရီ ၉၊ ၂၀၂၀။

အစိုးရႏွင့္ ျပည္သူလူထုေတြ႔ဆုံပြဲမ်ားတြင္ ေဒသခံမ်ားက ေခ်းေငြႏွင့္ လမ္းတံတားဆိုင္ရာကိစၥရပ္မ်ားကို အဓိကထား ေတာင္းဆိုၾကသည္ဟု တိုင္းအစိုးရ လယ္/ဆည္ဝန္ႀကီး ဦးေအာင္ေဇာ္ႏိုင္က ေျပာသည္။

ဇန္နဝါရီလ ၉ ရက္ ယေန႔တြင္ ပဲခူးၿမိဳ႕ တိုင္းသမဝါယမဦးစီးဌာန၌ ျပဳလုပ္ေသာ အေသးစားအရင္းအႏွီးေခ်းေငြ(Micro Capital Lones)ေပးအပ္ပြဲ အမွာစကားေျပာၾကားရာတြင္ ၎က အထက္ပါအတိုင္းထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ဝန္ႀကီးမွ အဖြင့္အမွာစကား ေျပာၾကားရာတြင္ ႏိုင္ငံသားမ်ား၏လိုအပ္ခ်က္သည္ အရင္းအႏွီးျဖစ္ေၾကာင္း၊ ေဒသခံမ်ားႏွင့္ေတြ႔ဆုံပြဲမ်ားတြင္ ေခ်းေငြႏွင့္ လမ္းတံတားကိစၥရပ္မ်ားအား အဓိက ေတာင္းဆိုၾကေၾကာင္း ေျပာၾကားခဲ့သည္။


ထို႔ျပင္ ေတာင္သူအခ်ိဳ႕မွာ ေခ်းေငြယူရန္ စဥ္းစားၾကေသာ္လည္း ေငြ၏လည္ပတ္မႈသေဘာသဘာဝကို နားလည္ရန္ ခက္ခဲသည့္အတြက္ အသင္းသားမ်ားက လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေျပာၾကားရန္လိုအပ္ၿပီး အသင္းစုမ်ား၏ လုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး အေျခခံလူတန္းစားမ်ားထံသို႔ ထိေရာက္မွန္ကန္စြာ ေခ်းေငြေပးအပ္နိုင္ေရး လိုအပ္သည္ဟု ဝန္ႀကီးဦးေအာင္ေဇာ္ႏိုင္က ေျပာၾကားခဲ့သည္။

ယေန႔ေပးအပ္ေသာ ေခ်းေငြမ်ားမွာ သမဝါယမအသင္းသားမ်ားထံသို႔ (၁၃)ႀကိမ္ေျမာက္ေပးအပ္ျခင္း ျဖစ္ၿပီး ခရိုင္အလိုက္ အေသးစားအရင္းအႏွီးေငြ၊ Hire Purchase(HP)ႏွင့္ မသန္စြမ္း သမအသင္းမ်ားအပါအဝင္ ေခ်းေငြစုစုေပါင္း က်ပ္သန္းေပါင္းရွစ္ေသာင္းေက်ာ္(၈၉၂၅၈.၃၉၂)အား ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပးအပ္ပြဲသို႔ ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ဝင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ဝန္ႀကီး ဦးေအာင္ေဇာ္နိုင္၊ တိုင္းေဒသႀကီး သမဦးစီး ဌာနမွ တိုင္းဦးစီးမွဴး ဦးသူရိန္ခ်စ္ေဆြအပါအဝင္ ၿမိဳ႕နယ္အသီးသီးမွ သမအသင္းသားမ်ား တက္ေရာက္ခဲ့ၾကသည္။

Source - ပဲခူး(စိုက္ေမြးဆည္)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home