ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းမိ
ဇန်နဝါရီ ၉၊ ၂၀၂၀။
ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။
ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်က အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရပ်ကွက်လူကြီးများနှင့်အတူ အပိုင်နယ်မြေအတွင်း ခိုးမှုများလျော့နည်း
ကျဆင်းစေရေး လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ရပ်ကွက်ကြီး(၁)၊ မြေတိုင်း(၂) ရေအေးစမ်း ကုန်းဆင်းအနီး အနော်ရထာလမ်းမပေါ်တွင် လူငယ်(၂)ဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ သယ်တွေ့ရှိရ၍ စစ်မေးရာမှ ဆိုင်ကယ်ခိုးယူမှုပေါ်ပေါက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးမှာ ရန်နောင်လင်း(၂၆ နှစ်)၊ (ဘ)ဦးတင်ထွေး၊ ကျဘမ်းဗမာ/ဗုဒ္ဓ၊ (၆)ရပ်ကွက်(၃)လမ်း၊ သဇင်လမ်းသွယ်၊ ရပ်ကွက်ကြီး(၁)၊ ပဲခူးမြို့နှင့် ကျော်ကျော်(ခ)နေထက်လင်း(၁၉နှစ်)၊ (ဘ)ဦးသိန်းဇော်၊ ကျဘမ်း ဗမာ/ဗုဒ္ဓ၊ (၆)ရပ်ကွက် (၃)လမ်း၊ သဇင်လမ်းသွယ်၊ ရပ်ကွက်ကြီး(၁)၊ ပဲခူးမြို့နေသူတို့ဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။
၎င်းတို့နှစ်ဦးသည် Honda Dream-125 အနက်ရောင်(သော့မပါ၊ ရှေ့ရင်အုပ်ကွာဆော့ကတ်ဖြတ်လျက်)ယိုးဒယားနိုင်ငံလုပ်ဆိုင်ကယ်တစ်စီးအားတွန်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသည့်အပြင်
ပိုင်ဆိုင်ကြောင်းအထောက်အထား ပြောဆိုမပြသနိုင် မှုမရှိခြင်း၊ ရန်နိုင်လင်းဆိုသူ၏လွယ်အိတ်အတွင်း ပလာယာ၊ ဝတ်အူလှည့် စသည့်ပစ္စည်းများတွေ့ရှိရခြင်းတို့ကြောင့် စစ်ဆေးမေးမြန်းရာ ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု ရဲမှတ်တမ်းက ဆိုသည်။
ထို့ကြောင့် ဆိုင်ကယ်ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိသူ ရန်နောင်လင်းနှင့် ကျော်ကျော်(ခ)နေထက်လင်းတို့အား ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၃၄/၂၁၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄
အရ အမှုရေးဖွင့်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
အထက်ပါ ခိုးယူခိုင်ရသော ဆိုင်ကယ်ပိုင်ရှင်မှာ ပဲခူးဆေးရုံကြီးအနီး ယဉ်မိတ္တူဆိုင်မှဖြစ်ပြီး ရဲစခန်းသို့ ပိုင်ဆိုင်ကြောင်းအထောက်အထားများပြသ၍ လာရောက်အတူပြုခဲ့ကြောင်း သတင်းရရှိသည်။
သတင်း/ဓာတ်ပုံ - သန်းဝင်းနိုင်
(Zawgyi)
ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းမိ
ဇန်နဝါရီ ၉၊ ၂၀၂၀။
ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။
ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်က အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရပ်ကွက်လူကြီးများနှင့်အတူ အပိုင်နယ်မြေအတွင်း ခိုးမှုများလျော့နည်း
ကျဆင်းစေရေး လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ရပ်ကွက်ကြီး(၁)၊ မြေတိုင်း(၂) ရေအေးစမ်း ကုန်းဆင်းအနီး အနော်ရထာလမ်းမပေါ်တွင် လူငယ်(၂)ဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ သယ်တွေ့ရှိရ၍ စစ်မေးရာမှ ဆိုင်ကယ်ခိုးယူမှုပေါ်ပေါက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးမှာ ရန်နောင်လင်း(၂၆ နှစ်)၊ (ဘ)ဦးတင်ထွေး၊ ကျဘမ်းဗမာ/ဗုဒ္ဓ၊ (၆)ရပ်ကွက်(၃)လမ်း၊ သဇင်လမ်းသွယ်၊ ရပ်ကွက်ကြီး(၁)၊ ပဲခူးမြို့နှင့် ကျော်ကျော်(ခ)နေထက်လင်း(၁၉နှစ်)၊ (ဘ)ဦးသိန်းဇော်၊ ကျဘမ်း ဗမာ/ဗုဒ္ဓ၊ (၆)ရပ်ကွက် (၃)လမ်း၊ သဇင်လမ်းသွယ်၊ ရပ်ကွက်ကြီး(၁)၊ ပဲခူးမြို့နေသူတို့ဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။
၎င်းတို့နှစ်ဦးသည် Honda Dream-125 အနက်ရောင်(သော့မပါ၊ ရှေ့ရင်အုပ်ကွာဆော့ကတ်ဖြတ်လျက်)ယိုးဒယားနိုင်ငံလုပ်ဆိုင်ကယ်တစ်စီးအားတွန်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသည့်အပြင်
ပိုင်ဆိုင်ကြောင်းအထောက်အထား ပြောဆိုမပြသနိုင် မှုမရှိခြင်း၊ ရန်နိုင်လင်းဆိုသူ၏လွယ်အိတ်အတွင်း ပလာယာ၊ ဝတ်အူလှည့် စသည့်ပစ္စည်းများတွေ့ရှိရခြင်းတို့ကြောင့် စစ်ဆေးမေးမြန်းရာ ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု ရဲမှတ်တမ်းက ဆိုသည်။
ထို့ကြောင့် ဆိုင်ကယ်ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိသူ ရန်နောင်လင်းနှင့် ကျော်ကျော်(ခ)နေထက်လင်းတို့အား ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၃၄/၂၁၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄
အရ အမှုရေးဖွင့်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
အထက်ပါ ခိုးယူခိုင်ရသော ဆိုင်ကယ်ပိုင်ရှင်မှာ ပဲခူးဆေးရုံကြီးအနီး ယဉ်မိတ္တူဆိုင်မှဖြစ်ပြီး ရဲစခန်းသို့ ပိုင်ဆိုင်ကြောင်းအထောက်အထားများပြသ၍ လာရောက်အတူပြုခဲ့ကြောင်း သတင်းရရှိသည်။
သတင်း/ဓာတ်ပုံ - သန်းဝင်းနိုင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home