Friday, January 10, 2020

မိုင်းထိလူနာအား တပ်မတော်မှ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်



ဇန်နဝါရီ ၁၁၊ ၂၀၂၀။

ကျောက်ကြီးမြို့နယ်  မူသဲကျေးရွာမှ မိုင်းထိလူနာ စောလူအောင်အား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာအဖွဲ့တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ကြီးမြို့နှင့် မိုင်(၂၀)ကျော်ခန့်ဝေးသော မူသဲကျေးရွာ နေ စောလူအောင်(၃၉)နှစ်၊ (ဘ)ဦးကျော်ကျော်သည် မူသဲကျေးရွာ တောင်ဘက်ရှိ မြွေးပွေးကုန်း(ဒေသအခေါ်) တောင်ယာခင်းအဟောင်း၌ ဇန်နဝါရီ ၉ ရက်နေ့  ညနေ ၅ နာရီခွဲတွင် ဟင်းသီးဟင်းရွက်ခူးရန်သွား‌ ရောက်ခဲ့ပြီးအပြန်တွင် မိုင်း(အမျိုးအမည်မသိ) လက်လုပ်မိုင်းအား နင်းမိကာ ဝဲခြေသလုံးရိုးကျိုး၊ ဝဲခြေကျင်းဝတ်အဆစ်လည်၊ ဝဲခြေဖမိုး ဖူးယောင်၊ ယာပေါင် ပေါက်ပြဲ ဒဏ်ရာနှင့် ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့၍ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရန် ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ မိုင်းထိသူအား ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၅ နာရီတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဉာဏ်ဇော်ဦးမှ မြို့နယ် ပြည်သူ့ဆေးရုံးသို့ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကာ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုသားကြီး( ကျောက်ကြီး)

Zawgyi

မိုင်းထိလူနာအား တပ်မတော်မှ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

ဇန်နဝါရီ ၁၁၊ ၂၀၂၀။

ကျောက်ကြီးမြို့နယ်  မူသဲကျေးရွာမှ မိုင်းထိလူနာ စောလူအောင်အား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာအဖွဲ့တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ကြီးမြို့နှင့် မိုင်(၂၀)ကျော်ခန့်ဝေးသော မူသဲကျေးရွာ နေ စောလူအောင်(၃၉)နှစ်၊ (ဘ)ဦးကျော်ကျော်သည် မူသဲကျေးရွာ တောင်ဘက်ရှိ မြွေးပွေးကုန်း(ဒေသအခေါ်) တောင်ယာခင်းအဟောင်း၌ ဇန်နဝါရီ ၉ ရက်နေ့  ညနေ ၅ နာရီခွဲတွင် ဟင်းသီးဟင်းရွက်ခူးရန်သွား‌ ရောက်ခဲ့ပြီးအပြန်တွင် မိုင်း(အမျိုးအမည်မသိ) လက်လုပ်မိုင်းအား နင်းမိကာ ဝဲခြေသလုံးရိုးကျိုး၊ ဝဲခြေကျင်းဝတ်အဆစ်လည်၊ ဝဲခြေဖမိုး ဖူးယောင်၊ ယာပေါင် ပေါက်ပြဲ ဒဏ်ရာနှင့် ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့၍ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရန် ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ မိုင်းထိသူအား ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၅ နာရီတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဉာဏ်ဇော်ဦးမှ မြို့နယ် ပြည်သူ့ဆေးရုံးသို့ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကာ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုသားကြီး( ကျောက်ကြီး)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home