Friday, January 10, 2020

မိုင်းထိလူနာအား တပ်မတော်မှ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်



ဇန်နဝါရီ ၁၁၊ ၂၀၂၀။

ကျောက်ကြီးမြို့နယ်  မူသဲကျေးရွာမှ မိုင်းထိလူနာ စောလူအောင်အား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာအဖွဲ့တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ကြီးမြို့နှင့် မိုင်(၂၀)ကျော်ခန့်ဝေးသော မူသဲကျေးရွာ နေ စောလူအောင်(၃၉)နှစ်၊ (ဘ)ဦးကျော်ကျော်သည် မူသဲကျေးရွာ တောင်ဘက်ရှိ မြွေးပွေးကုန်း(ဒေသအခေါ်) တောင်ယာခင်းအဟောင်း၌ ဇန်နဝါရီ ၉ ရက်နေ့  ညနေ ၅ နာရီခွဲတွင် ဟင်းသီးဟင်းရွက်ခူးရန်သွား‌ ရောက်ခဲ့ပြီးအပြန်တွင် မိုင်း(အမျိုးအမည်မသိ) လက်လုပ်မိုင်းအား နင်းမိကာ ဝဲခြေသလုံးရိုးကျိုး၊ ဝဲခြေကျင်းဝတ်အဆစ်လည်၊ ဝဲခြေဖမိုး ဖူးယောင်၊ ယာပေါင် ပေါက်ပြဲ ဒဏ်ရာနှင့် ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့၍ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရန် ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ မိုင်းထိသူအား ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၅ နာရီတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဉာဏ်ဇော်ဦးမှ မြို့နယ် ပြည်သူ့ဆေးရုံးသို့ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကာ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုသားကြီး( ကျောက်ကြီး)

Zawgyi

မိုင်းထိလူနာအား တပ်မတော်မှ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

ဇန်နဝါရီ ၁၁၊ ၂၀၂၀။

ကျောက်ကြီးမြို့နယ်  မူသဲကျေးရွာမှ မိုင်းထိလူနာ စောလူအောင်အား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာအဖွဲ့တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ကြီးမြို့နှင့် မိုင်(၂၀)ကျော်ခန့်ဝေးသော မူသဲကျေးရွာ နေ စောလူအောင်(၃၉)နှစ်၊ (ဘ)ဦးကျော်ကျော်သည် မူသဲကျေးရွာ တောင်ဘက်ရှိ မြွေးပွေးကုန်း(ဒေသအခေါ်) တောင်ယာခင်းအဟောင်း၌ ဇန်နဝါရီ ၉ ရက်နေ့  ညနေ ၅ နာရီခွဲတွင် ဟင်းသီးဟင်းရွက်ခူးရန်သွား‌ ရောက်ခဲ့ပြီးအပြန်တွင် မိုင်း(အမျိုးအမည်မသိ) လက်လုပ်မိုင်းအား နင်းမိကာ ဝဲခြေသလုံးရိုးကျိုး၊ ဝဲခြေကျင်းဝတ်အဆစ်လည်၊ ဝဲခြေဖမိုး ဖူးယောင်၊ ယာပေါင် ပေါက်ပြဲ ဒဏ်ရာနှင့် ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့၍ ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရန် ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ မိုင်းထိသူအား ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၅ နာရီတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးဉာဏ်ဇော်ဦးမှ မြို့နယ် ပြည်သူ့ဆေးရုံးသို့ သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကာ ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုသားကြီး( ကျောက်ကြီး)

မူးယစ်ဆေး လက်ဝယ်ထားသုံးစွဲသူနှင့် ရောင်းချသူတို့အား ဖမ်းဆီးရမိ



ဇန်နဝါရီ ၁၀၊ ၂၀၂၀။

တောင်ငူမြို့ ၊ မင်းကြီးညို  ( ၂၂ )ရပ်ကွက်၊ ဗညားဒလမ်း နေအိမ် တစ်လုံးတွင် မူးယစ်ဆေးဝါးရောင်းချ နေကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့( ၃၆ )တောင်ငူမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၉ ရက်  မွန်းလွဲပိုင်းက သက်သေများနှင့် သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

မင်းကြီးညို (၂၂)ရပ်ကွက်၊ ဗညာဒလမ်း နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ ဇော်မင်းဟန်(၅၆)နှစ် တောင်ငူမြို့နသူ၏ အိပ်ခန်း ကုတင်ပေါ်တွင် ဇော်မင်းဟန်နှင့် ဇေဇေမိုး၊ တောင်ငူမြို့နေသူ(၂)ဦးအား အသင့်တွေ့ရှိ၍ ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေခဲ့ရာ ဇော်မင်းဟန်၏ အိပ်ယာ ခေါင်းအုံးအောက်မှ WY စာတန်းပါ  ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၇)ပြား၊ ဆေးခြောက်ဟု ယူဆရသော အရိုး၊ အစေ့၊ အရွက်ရောရာ(၂၀.၃)ဂရမ်၊ အိပ်ရာကုတင်ဘေးစားပွဲပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ တွေ့ရှိ၍ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

၎င်းတို့(၂)ဦးအား ဆက်လက်စစ်ဆေးရာ မိမိတို့ကိုယ်တိုင်သုံးစွဲရန်အတွက် တောင်ငူမြို့ (၂၂)ရပ်ကွက်၊ ဂါမဏိလမ်းနေ မရတနာအောင်(၃၄)နှစ်ထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးသိရှိရ၍ မရတနာအောင် နေအိမ်သို့ ဆက်လက်ရှာခဲ့ကြသည်။

ဆက်လက်ရှာဖွေရာ မရတနာအောင်ထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြာ (၈၀)ပြား၊ ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူရောရာ (၁၁၀၀၀)ကျပ်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းတို့(၃)ဦးအား တောင်ငူမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက် ထားကြောင်း သိရသည်။

နေလင်းအောင်(တောင်ငူ)

Zawgyi

မူးယစ်ဆေး လက်ဝယ်ထားသုံးစွဲသူနှင့် ရောင်းချသူတို့အား ဖမ်းဆီးရမိ

ဇန်နဝါရီ ၁၀၊ ၂၀၂၀။

တောင်ငူမြို့ ၊ မင်းကြီးညို(၂၂)ရပ်ကွက်၊ ဗညားဒလမ်း နေအိမ် တစ်လုံးတွင် မူးယစ်ဆေးဝါးရောင်းချ နေကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့(၃၆)တောင်ငူမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၉ ရက်  မွန်းလွဲပိုင်းက သက်သေများနှင့် သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။

မင်းကြီးညို (၂၂)ရပ်ကွက်၊ ဗညာဒလမ်း နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်ရှိ ဇော်မင်းဟန်(၅၆)နှစ် တောင်ငူမြို့နသူ၏ အိပ်ခန်း ကုတင်ပေါ်တွင် ဇော်မင်းဟန်နှင့် ဇေဇေမိုး၊ တောင်ငူမြို့နေသူ(၂)ဦးအား အသင့်တွေ့ရှိ၍ ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေခဲ့ရာ ဇော်မင်းဟန်၏ အိပ်ယာ ခေါင်းအုံးအောက်မှ WY စာတန်းပါ  ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၇)ပြား၊ ​ဆေးခြောက်ဟု ယူဆရသော အရိုး၊ အစေ့၊ အရွက်ရောရာ(၂၀.၃)ဂရမ်၊ အိပ်ရာကုတင်ဘေးစားပွဲပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ တွေ့ရှိ၍ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

၎င်းတို့(၂)ဦးအား ဆက်လက်စစ်ဆေးရာ မိမိတို့ကိုယ်တိုင်သုံးစွဲရန်အတွက် တောင်ငူမြို့ (၂၂)ရပ်ကွက်၊ ဂါမဏိလမ်းနေ မရတနာအောင်(၃၄)နှစ်ထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးသိရှိရ၍ မရတနာအောင် နေအိမ်သို့ ဆက်လက်ရှာခဲ့ကြသည်။

ဆက်လက်ရှာဖွေရာ မရတနာအောင်ထံမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြာ (၈၀)ပြား၊ ဆက်စပ်ပစ္စည်းများနှင့် ငွေစက္ကူရောရာ (၁၁၀၀၀)ကျပ်တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ၄င်းတို့(၃)ဦးအား တောင်ငူမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက် ထားကြောင်း သိရသည်။

နေလင်းအောင်(တောင်ငူ)

လောင်းကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီး၊ ဆိုင်ကယ် ၁၈ စီးနှင့် လူ ၃ ဦး ဖမ်းမိ


                                     

ဇန်နဝါရီ ၁၀၊ ၂၀၂၀။

သဲကုန်းမြို့တွင် လောင်ကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် ၁၈ စီးနှင့် လူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ညပိုင်းက သဲကုန်းမြို့၊ မြို့မရပ်ကွက်၊ ဆန်စက်ဝန်းနောက်ကျောဘက် လယ်ကွင်းသွားသည့်လမ်းတွင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့၊ ပေါင်းတလည်နယ်မြေစခန်းမှူးနှင့်အဖွဲ့၊ ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လောင်းကစားနေရာတွင် ခိုင်ထူး ကွေ့တက်ကျေးရွာအုပ်စု၊ ရဲကျော် ညောင်ဝင်းကျေးရွာအုပ်စု၊ ချမ်းကိုကို သိမ်ကုန်းကျေးရွာအုပ်စု သဲကုန်းမြိုနယ်နေသူများအား ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသောပစ္စည်းများ၊ လောင်းကြေးငွေစက္ကူမျိုးစုံ ကျပ်နှစ်သိန်းခွဲ(၂၅၀,၀၀၀)၊ ဆိုင်ကယ်မျိုးစုံ ၁၈ စီးနှင့် စက်ဘီး ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိထားသူ ၃ ဦးအား သဲကုန်းမြို့မရဲစခန်းမှ (ပ)၄/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

Socuce - N-L(TGA)

(Zawgyi)

လောင်းကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီး၊ ဆိုင်ကယ် ၁၈ စီးနှင့် လူ ၃ ဦး ဖမ်းမိ                                        

ဇန်နဝါရီ ၁၀၊ ၂၀၂၀။

သဲကုန်းမြို့တွင် လောင်ကစားဝိုင်းအား ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် ၁၈ စီးနှင့် လူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ညပိုင်းက သဲကုန်းမြို့၊ မြို့မရပ်ကွက်၊ ဆန်စက်ဝန်းနောက်ကျောဘက် လယ်ကွင်းသွားသည့်လမ်းတွင် လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့၊ ပေါင်းတလည်နယ်မြေစခန်းမှူးနှင့်အဖွဲ့၊ ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လောင်းကစားနေရာတွင် ခိုင်ထူး ကွေ့တက်ကျေးရွာအုပ်စု၊ ရဲကျော် ညောင်ဝင်းကျေးရွာအုပ်စု၊ ချမ်းကိုကို သိမ်ကုန်းကျေးရွာအုပ်စု သဲကုန်းမြိုနယ်နေသူများအား ဖမ်းဆီးရမိခဲ့ပြီး လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသောပစ္စည်းများ၊ လောင်းကြေးငွေစက္ကူမျိုးစုံ ကျပ်နှစ်သိန်းခွဲ(၂၅၀,၀၀၀)၊ ဆိုင်ကယ်မျိုးစုံ ၁၈ စီးနှင့် စက်ဘီး ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိထားသူ ၃ ဦးအား သဲကုန်းမြို့မရဲစခန်းမှ (ပ)၄/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

Socuce - N-L(TGA)

Thursday, January 9, 2020

ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းမိ


ဇန်နဝါရီ ၉၊ ၂၀၂၀။

ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။

ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်က အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရပ်ကွက်လူကြီးများနှင့်အတူ အပိုင်နယ်မြေအတွင်း ခိုးမှုများလျော့နည်း
ကျဆင်းစေရေး လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ရပ်ကွက်ကြီး(၁)၊ မြေတိုင်း(၂) ရေအေးစမ်း ကုန်းဆင်းအနီး အနော်ရထာလမ်းမပေါ်တွင် လူငယ်(၂)ဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ သယ်တွေ့ရှိရ၍ စစ်မေးရာမှ ဆိုင်ကယ်ခိုးယူမှုပေါ်ပေါက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးမှာ ရန်နောင်လင်း(၂၆ နှစ်)၊ (ဘ)ဦးတင်ထွေး၊ ကျဘမ်းဗမာ/ဗုဒ္ဓ၊ (၆)ရပ်ကွက်(၃)လမ်း၊ သဇင်လမ်းသွယ်၊ ရပ်ကွက်ကြီး(၁)၊ ပဲခူးမြို့နှင့် ကျော်ကျော်(ခ)နေထက်လင်း(၁၉နှစ်)၊ (ဘ)ဦးသိန်းဇော်၊ ကျဘမ်း ဗမာ/ဗုဒ္ဓ၊ (၆)ရပ်ကွက် (၃)လမ်း၊ သဇင်လမ်းသွယ်၊ ရပ်ကွက်ကြီး(၁)၊ ပဲခူးမြို့နေသူတို့ဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

၎င်းတို့နှစ်ဦးသည်  Honda Dream-125 အနက်ရောင်(သော့မပါ၊ ရှေ့ရင်အုပ်ကွာဆော့ကတ်ဖြတ်လျက်)ယိုးဒယားနိုင်ငံလုပ်ဆိုင်ကယ်တစ်စီးအားတွန်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသည့်အပြင်
ပိုင်ဆိုင်ကြောင်းအထောက်အထား ပြောဆိုမပြသနိုင် မှုမရှိခြင်း၊ ရန်နိုင်လင်းဆိုသူ၏လွယ်အိတ်အတွင်း ပလာယာ၊ ဝတ်အူလှည့် စသည့်ပစ္စည်းများတွေ့ရှိရခြင်းတို့ကြောင့် စစ်ဆေးမေးမြန်းရာ ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု ရဲမှတ်တမ်းက ဆိုသည်။

ထို့ကြောင့် ဆိုင်ကယ်ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိသူ ရန်နောင်လင်းနှင့် ကျော်ကျော်(ခ)နေထက်လင်းတို့အား ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၃၄/၂၁၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄
အရ အမှုရေးဖွင့်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

အထက်ပါ ခိုးယူခိုင်ရသော ဆိုင်ကယ်ပိုင်ရှင်မှာ ပဲခူးဆေးရုံကြီးအနီး ယဉ်မိတ္တူဆိုင်မှဖြစ်ပြီး ရဲစခန်းသို့ ပိုင်ဆိုင်ကြောင်းအထောက်အထားများပြသ၍ လာရောက်အတူပြုခဲ့ကြောင်း သတင်းရရှိသည်။


(Zawgyi)

ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းမိ

ဇန်နဝါရီ ၉၊ ၂၀၂၀။

ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။

ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်က အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရပ်ကွက်လူကြီးများနှင့်အတူ အပိုင်နယ်မြေအတွင်း ခိုးမှုများလျော့နည်း
ကျဆင်းစေရေး လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် ရပ်ကွက်ကြီး(၁)၊ မြေတိုင်း(၂) ရေအေးစမ်း ကုန်းဆင်းအနီး အနော်ရထာလမ်းမပေါ်တွင် လူငယ်(၂)ဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ သယ်တွေ့ရှိရ၍ စစ်မေးရာမှ ဆိုင်ကယ်ခိုးယူမှုပေါ်ပေါက်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်သူခိုးဟုဆိုသူနှစ်ဦးမှာ ရန်နောင်လင်း(၂၆ နှစ်)၊ (ဘ)ဦးတင်ထွေး၊ ကျဘမ်းဗမာ/ဗုဒ္ဓ၊ (၆)ရပ်ကွက်(၃)လမ်း၊ သဇင်လမ်းသွယ်၊ ရပ်ကွက်ကြီး(၁)၊ ပဲခူးမြို့နှင့် ကျော်ကျော်(ခ)နေထက်လင်း(၁၉နှစ်)၊ (ဘ)ဦးသိန်းဇော်၊ ကျဘမ်း ဗမာ/ဗုဒ္ဓ၊ (၆)ရပ်ကွက် (၃)လမ်း၊ သဇင်လမ်းသွယ်၊ ရပ်ကွက်ကြီး(၁)၊ ပဲခူးမြို့နေသူတို့ဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

၎င်းတို့နှစ်ဦးသည်  Honda Dream-125 အနက်ရောင်(သော့မပါ၊ ရှေ့ရင်အုပ်ကွာဆော့ကတ်ဖြတ်လျက်)ယိုးဒယားနိုင်ငံလုပ်ဆိုင်ကယ်တစ်စီးအားတွန်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသည့်အပြင်
ပိုင်ဆိုင်ကြောင်းအထောက်အထား ပြောဆိုမပြသနိုင် မှုမရှိခြင်း၊ ရန်နိုင်လင်းဆိုသူ၏လွယ်အိတ်အတွင်း ပလာယာ၊ ဝတ်အူလှည့် စသည့်ပစ္စည်းများတွေ့ရှိရခြင်းတို့ကြောင့် စစ်ဆေးမေးမြန်းရာ ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု ရဲမှတ်တမ်းက ဆိုသည်။

ထို့ကြောင့် ဆိုင်ကယ်ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိသူ ရန်နောင်လင်းနှင့် ကျော်ကျော်(ခ)နေထက်လင်းတို့အား ပဲခူးမြို့ အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၃၄/၂၁၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄
အရ အမှုရေးဖွင့်၍ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

အထက်ပါ ခိုးယူခိုင်ရသော ဆိုင်ကယ်ပိုင်ရှင်မှာ ပဲခူးဆေးရုံကြီးအနီး ယဉ်မိတ္တူဆိုင်မှဖြစ်ပြီး ရဲစခန်းသို့ ပိုင်ဆိုင်ကြောင်းအထောက်အထားများပြသ၍ လာရောက်အတူပြုခဲ့ကြောင်း သတင်းရရှိသည်။


လူထုတွေ့ဆုံပွဲများတွင် ချေးငွေနှင့် လမ်းတံတားကိစ္စများကို အဓိကထားတောင်းဆို


ဇန်နဝါရီ ၉၊ ၂၀၂၀။

အစိုးရနှင့် ပြည်သူလူထုတွေ့ဆုံပွဲများတွင် ဒေသခံများက ချေးငွေနှင့် လမ်းတံတားဆိုင်ရာကိစ္စရပ်များကို အဓိကထား တောင်းဆိုကြသည်ဟု တိုင်းအစိုးရ လယ်/ဆည်ဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောသည်။

ဇန်နဝါရီလ ၉ ရက် ယနေ့တွင် ပဲခူးမြို့ တိုင်းသမဝါယမဦးစီးဌာန၌ ပြုလုပ်သော အသေးစားအရင်းအနှီးချေးငွေ(Micro Capital Lones)ပေးအပ်ပွဲ အမှာစကားပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံသားများ၏လိုအပ်ချက်သည် အရင်းအနှီးဖြစ်ကြောင်း၊ ဒေသခံများနှင့်တွေ့ဆုံပွဲများတွင် ချေးငွေနှင့် လမ်းတံတားကိစ္စရပ်များအား အဓိက တောင်းဆိုကြကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တောင်သူအချို့မှာ ချေးငွေယူရန် စဉ်းစားကြသော်လည်း ငွေ၏လည်ပတ်မှုသဘောသဘာဝကို နားလည်ရန် ခက်ခဲသည့်အတွက် အသင်းသားများက လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားရန်လိုအပ်ပြီး အသင်းစုများ၏ လုပ်ငန်းများနှင့်ပတ်သက်ပြီး အခြေခံလူတန်းစားများထံသို့ ထိရောက်မှန်ကန်စွာ ချေးငွေပေးအပ်နိုင်ရေး လိုအပ်သည်ဟု ဝန်ကြီးဦးအောင်ဇော်နိုင်က ပြောကြားခဲ့သည်။

ယနေ့ပေးအပ်သော ချေးငွေများမှာ သမဝါယမအသင်းသားများထံသို့ (၁၃)ကြိမ်မြောက်ပေးအပ်ခြင်း ဖြစ်ပြီး ခရိုင်အလိုက် အသေးစားအရင်းအနှီးငွေ၊ Hire Purchase(HP)နှင့် မသန်စွမ်း သမအသင်းများအပါအဝင် ချေးငွေစုစုပေါင်း ကျပ်သန်းပေါင်းရှစ်သောင်းကျော်(၈၉၂၅၈.၃၉၂)အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး သမဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဦးသူရိန်ချစ်ဆွေအပါအဝင် မြို့နယ်အသီးသီးမှ သမအသင်းသားများ တက်ရောက်ခဲ့ကြသည်။

Source - ပဲခူး(စိုက်မွေးဆည်)
(Zawgyi)


ဇန်နဝါရီ ၉၊ ၂၀၂၀။









ပဲခူးမြို့ လူမှုဝန်ထမ်းမူကြိုကျောင်းရှေ့ရှိ ဆိုင်ခန်းများအား ဖယ်ရှား


ဇန်နဝါရီ ၉၊ ၂၀၂၀။

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်း၊ လူမှုဝန်ထမ်းမူကြိုကျောင်းရှေ့မှ ဆိုင်ခန်း(၈)ခန်းအား ယနေ့နံနက်အစောပိုင်းတွင် သက်ဆိုင်ရာအာဏာပိုင်များက ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

အဆိုပါဆိုင်ခန်းများသည် အစိုးရမှ အငှားချထားပေးသောဆိုင်ခန်းများဖြစ်ပြီး ဖယ်ရှားမည့်ကိစ္စနှင့်စပ်လျဉ်း၍
ဦးအင်းစိန် ပါ(၆)ဦးက ၂၀၁၉ ခုနှစ်အတွင်း အသနားခံစာတင်ပြခဲ့ကြသည်။

ယင်းအသနားခံစာတင်ပြမှုကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညှိနှိုင်းဆောင်ရွက်ပေးရန် စာပေးပို့မှုလည်း ရှိခဲ့သည်။

သတင်း - သန်းဝင်းနိုင်

(Zawgyi)

ပဲခူးမြို့ လူမှုဝန်ထမ်းမူကြိုကျောင်းရှေ့ရှိ ဆိုင်ခန်းများအား ဖယ်ရှား

ဇန်နဝါရီ ၉၊ ၂၀၂၀။

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ သနပ်ပင်လမ်း၊ လူမှုဝန်ထမ်းမူကြိုကျောင်းရှေ့မှ ဆိုင်ခန်း(၈)ခန်းအား ယနေ့နံနက်အစောပိုင်းတွင် သက်ဆိုင်ရာအာဏာပိုင်များက ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

အဆိုပါဆိုင်ခန်းများသည် အစိုးရမှ အငှားချထားပေးသောဆိုင်ခန်းများဖြစ်ပြီး ဖယ်ရှားမည့်ကိစ္စနှင့်စပ်လျဉ်း၍
ဦးအင်းစိန် ပါ(၆)ဦးက ၂၀၁၉ ခုနှစ်အတွင်း အသနားခံစာတင်ပြခဲ့ကြသည်။

ယင်းအသနားခံစာတင်ပြမှုကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ညှိနှိုင်းဆောင်ရွက်ပေးရန် စာပေးပို့မှုလည်း ရှိခဲ့သည်။

သတင်း - သန်းဝင်းနိုင်

ပညာရေးဝန်ကြီးအား ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်၍ ကန့်ကွက်


ဇန်နဝါရီ ၉၊ ၂၀၂၀။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား တောင်ငူပညာရေးကောလိပ်ရှိ ကျောင်းသားများက ဖဲကြိုးအစိမ်းကမ်းပိန်းပြုလုပ်၍ ဇန်နဝါရီ ၉ ရက်(ယနေ့)နံနက်က ကန့်ကွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကမ်ပိန်းပြုလုပ်ရခြင်းမှာ  ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှစပြီး အခြေခံပညာကျောင်းများ၏ ပညာသင်နှစ်အား မတ်လအထိတိုးမြင့်သွားမည့်အကြောင်း ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့၏ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အောက်ခြေ၏ဆန္ဒမပါဘဲ စာသင်ချိန်တိုးမြင့်ခြင်းအား ဆက်လက်လုပ်ဆောင်နေပါက တောင်ငူပညာရေးကောလိပ်အနေဖြင့်  ပြင်းထန်းသည့်ကန့်ကွက်မှု ကမ်ပိန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်စ၍ အခြေခံကျောင်းများအား  စာသင်ချိန်တိုးမြင့်မည့်အပေါ်  နိုင်ငံတဝှမ်းရှိ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများမှ  ကန့်ကွက်မှုများလည်း ရှိနေသည်။

နေလင်းအောင်(တောင်ငူ)

(Zawgyi)

ပညာရေးဝန်ကြီးအား  ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်၍ ကန့်ကွက်


ဇန်နဝါရီ ၉၊ ၂၀၂၀။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား တောင်ငူပညာရေးကောလိပ်ရှိ ကျောင်းသားများက ဖဲကြိုးအစိမ်းကမ်းပိန်းပြုလုပ်၍ ဇန်နဝါရီ ၉ ရက်(ယနေ့)နံနက်က ကန့်ကွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကမ်ပိန်းပြုလုပ်ရခြင်းမှာ  ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှစပြီး အခြေခံပညာကျောင်းများ၏ ပညာသင်နှစ်အား မတ်လအထိတိုးမြင့်သွားမည့်အကြောင်း ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့၏ ထုတ်ပြန်ချက်အပေါ် ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အောက်ခြေ၏ဆန္ဒမပါဘဲ စာသင်ချိန်တိုးမြင့်ခြင်းအား ဆက်လက်လုပ်ဆောင်နေပါက တောင်ငူပညာရေးကောလိပ်အနေဖြင့်  ပြင်းထန်းသည့်ကန့်ကွက်မှု ကမ်ပိန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်စ၍ အခြေခံကျောင်းများအား  စာသင်ချိန်တိုးမြင့်မည့်အပေါ်  နိုင်ငံတဝှမ်းရှိ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများမှ  ကန့်ကွက်မှုများလည်း ရှိနေသည်။

နေလင်းအောင်(တောင်ငူ)

သနပ်ပင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာရေးလက်တွေ့သရုပ်ပြသ


ဇန်နဝါရီ ၉၊ ၂၀၂၀။  
         
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီက သနပ်ပင်မြို့၌ ပြုလုပ်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့်အဖွဲ့၊  မြို့နယ်ရဲဖွဲ့မှူး ရဲမှူးတင်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာမိုးမြင့်အောင်၊  မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်သူရ၊ စည်ပင်သာယာရေးကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသောပူးပေါင်း အဖွဲ့သည်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလက်တွေ့ သရုပ်ပြခြင်းကို မြို့မဈေးအတွင်း၌ ပြုလုပ်ခဲ့သည်။
     
လက်တွေ့သရုပ်ပြသရာတွင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးက နေအိမ်အဆောက်အဦးများ၊ ဈေးဆိုင်ခန်းများအတွင်း  မီးကူးစက်လောင်းကျွမ်းနိုင်သော  ပစ္စည်းများအား စနစ်တကျထားရှိရန်၊  မီးကိုမလိုအပ်ဘဲ အသုံးမပြုရန်၊ အကယ်၍အသုံးမည်ဆိုပါက စနစ်တကျကိုင်တွယ်အသုံးပြုရန် စသည့်အချက်များအား တက်ရောက်လာသော တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍   မီးလောင်ရာတွင် မီးသတ်ပိုက်ဖြင့်ရေးဖြန်းသတ်ပုံသရုပ်ပြခြင်း၊ ဒယ်အိုးအတွင်းမီးလောင်လျင်မီးငြိမ်းသတ်ပုံသရုပ်ခြင်း၊  ဂက်စ်အိုးမီးလောင်လျှင် မီးငြိမ်းသတ်ပုံသရုပ်ပြသခြင်းများအား လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မွန်ထွီ(သနပ်ပင်)

(Zawgyi)

သနပ်ပင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာရေးလက်တွေ့သရုပ်ပြသ


ဇန်နဝါရီ ၉၊ ၂၀၂၀။
         
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၁၀ နာရီက သနပ်ပင်မြို့၌ ပြုလုပ်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးနှင့်အဖွဲ့၊  မြို့နယ်ရဲဖွဲ့မှူး ရဲမှူးတင်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာမိုးမြင့်အောင်၊  မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်သူရ၊ စည်ပင်သာယာရေးကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသောပူးပေါင်း အဖွဲ့သည်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလက်တွေ့ သရုပ်ပြခြင်းကို မြို့မဈေးအတွင်း၌ ပြုလုပ်ခဲ့သည်။
     
လက်တွေ့သရုပ်ပြသရာတွင် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦးက နေအိမ်အဆောက်အဦးများ၊ ဈေးဆိုင်ခန်းများအတွင်း  မီးကူးစက်လောင်းကျွမ်းနိုင်သော  ပစ္စည်းများအား စနစ်တကျထားရှိရန်၊  မီးကိုမလိုအပ်ဘဲ အသုံးမပြုရန်၊ အကယ်၍အသုံးမည်ဆိုပါက စနစ်တကျကိုင်တွယ်အသုံးပြုရန် စသည့်အချက်များအား တက်ရောက်လာသော တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍   မီးလောင်ရာတွင် မီးသတ်ပိုက်ဖြင့်ရေးဖြန်းသတ်ပုံသရုပ်ပြခြင်း၊ ဒယ်အိုးအတွင်းမီးလောင်လျင်မီးငြိမ်းသတ်ပုံသရုပ်ခြင်း၊  ဂက်စ်အိုးမီးလောင်လျှင် မီးငြိမ်းသတ်ပုံသရုပ်ပြသခြင်းများအား လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မွန်ထွီ(သနပ်ပင်)

NCA အကောင်အထည်ဖော်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကရင်တိုင်းရင်းသားများ ဆန္ဒပြ


ဇန်နဝါရီ ၉၊ ၂၀၂၀။

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)အကောင်အထည်ဖော်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရလိုမှုအတွက် ကျောက်ကြီးဒေသခံ ကရင်တိုင်းရင်းများမှ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒပြတောင်းဆိုမှုကို ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများက ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က အင်အား ၂၀၀ ကျော် ဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးစောတင်ဝင်းက ဒေသခံဌာနေတိုင်းရင်းသား ပြည်သူလူထုများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင့်ကျမှုရှိနေကြသည့်အတွက် ယခုကဲ့သို့ ၎င်းတို့၏အမြင်သဘောထားများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများသည် ညောင်လေးပင်ခရိုင် KNU ဆက်ဆံရေးရုံးရှေ့မှ ကျောက်ကြီးသံဘိုကျေးရွာကားလမ်းအတိုင်း အမှတ်(၆၀)‌‌ ခြေလျင်တပ်ရင်းရှေ့အထိ၊ ထိုမှတဆင့် အောင်စိုးမိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့အထိ အသွားအပြန် ထာဝရငြိမ်းချမ်းရေးရရှိရေးစာသား(ကရင်၊ မြန်မာ)ပါ ဗွီနိုင်ဆိုင်ဘုတဆိုင်ဘုတ်များကိုင်ဆောင်၍ အောင်စိုးမိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ အလံနှင်ဗီနိုင်းများစိုက်ထူကာ ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်နေ့က မြို့နယ်ရဲတပ်မှူးရုံးသို့ အသိပေးလျှောက်ထားခဲ့ကြောင်း သိရသည်။

ကိုသားကြီး(ကျောက်ကြီး)

(Zawgyi)

NCA အကောင်အထည်ဖော်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကရင်တိုင်းရင်းသားများ ဆန္ဒပြ

ဇန်နဝါရီ ၉၊ ၂၀၂၀။

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)အကောင်အထည်ဖော်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရလိုမှုအတွက် ကျောက်ကြီးဒေသခံ ကရင်တိုင်းရင်းများမှ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒပြတောင်းဆိုမှုကို ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများက ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က အင်အား ၂၀၀ ကျော် ဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးစောတင်ဝင်းက ဒေသခံဌာနေတိုင်းရင်းသား ပြည်သူလူထုများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင့်ကျမှုရှိနေကြသည့်အတွက် ယခုကဲ့သို့ ၎င်းတို့၏အမြင်သဘောထားများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်ဟု ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများသည် ညောင်လေးပင်ခရိုင် KNU ဆက်ဆံရေးရုံးရှေ့မှ ကျောက်ကြီးသံဘိုကျေးရွာကားလမ်းအတိုင်း အမှတ်(၆၀)‌‌ ခြေလျင်တပ်ရင်းရှေ့အထိ၊ ထိုမှတဆင့် အောင်စိုးမိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့အထိ အသွားအပြန် ထာဝရငြိမ်းချမ်းရေးရရှိရေးစာသား(ကရင်၊ မြန်မာ)ပါ ဗွီနိုင်ဆိုင်ဘုတဆိုင်ဘုတ်များကိုင်ဆောင်၍ အောင်စိုးမိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့၌ အလံနှင်ဗီနိုင်းများစိုက်ထူကာ ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်နေ့က မြို့နယ်ရဲတပ်မှူးရုံးသို့ အသိပေးလျှောက်ထားခဲ့ကြောင်း သိရသည်။

ကိုသားကြီး(ကျောက်ကြီး)

Wednesday, January 8, 2020

(၉၃)ကြိမ်မြောက် ညောင်လေးပင်မြို့လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ


ဇန်နဝါရီ ၈၊ ၂၀၂၀။

ညောင်လေးပင်မြို့တွင် မြို့သူမြို့သားများ ဘေးအန္တရာယ်ခပ်သိမ်းကင်းငြိမ်းစေရန် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးဆိုင်ရာ (၉၃)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကျင်းပလျက်ရှိရာ  ဇန်နဝါရီလ ၈ ရက် ညနေ ၆ နာရီ အချိန်ကစတင်၍  လမ်းရပ်အသီးသီးသို့ ဒေသစာရီလှည့်လည်ပူဇော်ခဲ့ကြောင်း သိရသည်။

 နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီပင့်ဆောင်နေစဉ်အတွင်း သာသနာ့အကျိုးတော်ဆောင်အမျိုးသားများက အင်္ကျီအဖြူဝတ်ဆင်ကြပြီး အမျိုးသမီးပရိတ်အဖွဲ့နှင့်ဝတ်အသင်းဝင်များက အင်္ကျီအဖြူနှင့်ယောဂီထဘီတို့ကိုဝတ်ဆင် ၍ လင်္ကာ၊ သံပေါက်၊ ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်းမပြုဘဲ အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ပဋ္ဌာန်းဒေသနာတော်များနှင့်မေတ္တာပို့များကိုသာ ရွတ်ဆိုပူဇော်ကြသည်။

ပထမနေ့ ဒေသစာရီလှည့်လည်ပူဇော်ရာတွင်  ဆည်မြောင်းစုရပ်မှနေ၍ လမ်းရပ်ကွက်အသီးသီးသို့  ပထမနေ့အစီအစဉ် လမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခဲ့ကြသည်။


ဆက်လက်၍ ဒုတိယနေ့တွင် ရွာသစ်စုရပ်မှလည်ကောင်း၊ တတိယနေ့တွင် ဘုရားကြီးလမ်းစုရပ်မှလည်ကောင်း၊ စတုတ္ထနေ့တွင် စိုက်ပျိုးရေးဂို‌ထောင်ထိပ် စုရပ်မှလည်ကောင်း ဆက်လက်ပူဇော်ကြမည်ဖြစ်ပြီး   မြို့အတွင်း ရပ်ကွက်၊ လမ်းအသီးသီးသို့ လေးရက်တိုင်တိုင်ဒေသစာရီ လှည့်လည်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - မြတ်သူ
#BagoPost

(Zawgyi)

(၉၃)ကြိမ်မြောက် ညောင်လေးပင်မြို့လုံးဆိုင်ရာ  နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ


ဇန်နဝါရီ ၈၊ ၂၀၂၀။

ညောင်လေးပင်မြို့တွင် မြို့သူမြို့သားများ ဘေးအန္တရာယ်ခပ်သိမ်းကင်းငြိမ်းစေရန် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးဆိုင်ရာ (၉၃)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်ကျင်းပလျက်ရှိရာ  ဇန်နဝါရီလ ၈ ရက် ညနေ ၆ နာရီ အချိန်ကစတင်၍  လမ်းရပ်အသီးသီးသို့ ဒေသစာရီလှည့်လည်ပူဇော်ခဲ့ကြောင်း သိရသည်။

 နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီပင့်ဆောင်နေစဉ်အတွင်း သာသနာ့အကျိုးတော်ဆောင်အမျိုးသားများက အင်္ကျီအဖြူဝတ်ဆင်ကြပြီး အမျိုးသမီးပရိတ်အဖွဲ့နှင့်ဝတ်အသင်းဝင်များက အင်္ကျီအဖြူနှင့်ယောဂီထဘီတို့ကိုဝတ်ဆင် ၍ လင်္ကာ၊ သံပေါက်၊ ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်းမပြုဘဲ အန္တရာယ်ကင်းပရိတ်တရားတော်များ၊ ပဋ္ဌာန်းဒေသနာတော်များနှင့်မေတ္တာပို့များကိုသာ ရွတ်ဆိုပူဇော်ကြသည်။

ပထမနေ့ ဒေသစာရီလှည့်လည်ပူဇော်ရာတွင်  ဆည်မြောင်းစုရပ်မှနေ၍ လမ်းရပ်ကွက်အသီးသီးသို့  ပထမနေ့အစီအစဉ် လမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယနေ့တွင် ရွာသစ်စုရပ်မှလည်ကောင်း၊ တတိယနေ့တွင် ဘုရားကြီးလမ်းစုရပ်မှလည်ကောင်း၊ စတုတ္ထနေ့တွင် စိုက်ပျိုးရေးဂို‌ထောင်ထိပ် စုရပ်မှလည်ကောင်း ဆက်လက်ပူဇော်ကြမည်ဖြစ်ပြီး   မြို့အတွင်း ရပ်ကွက်၊ လမ်းအသီးသီးသို့ လေးရက်တိုင်တိုင်ဒေသစာရီ လှည့်လည်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - မြတ်သူ
#BagoPost

နတ်တလင်းမြို့တွင် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲ ကျင်းပမည်


ဇန်နဝါရီ ၈၊ ၂၀၂၀

နတ်တလင်းမြို့တွင်ကျင်းပမည့် ကလေးစာပေပွဲတော်နှင့် စာအုပ်‌ဈေး‌ရောင်းပွဲ‌တော်ကို ရန်ကုန်-ပြည်လမ်းရှိ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

အဆိုပါကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ ပန်းချီဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဉာဏ်စမ်းပဟေဠိ၊ စာဖတ်စွမ်းရည်၊ စက္ကူခေါက်ဂိမ်းကစားနည်းများ၊ တေးသရုပ်ဖေါ်အကပဒေသာများ၊ ပန်းချီပြခန်းအသိပညာပေးပြခန်းများ၊ ရှန်တီကလေးစာဖတ်ခန်း စာအုပ်အရောင်းဆိုင်များအပြင် မြို့နယ်အတွင်းရှိ စေတနာရှင်များမှ စတုဒိသာမုန့်နှင့်အချိုရည်များတိုက်ကျွေးလှူဒါန်းများ ပါဝင်မည်ဖြစ်သည်။

အဆိုပါပွဲတော်ကို နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်တွဲလက်များအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်သည်။

ယောဟန်(ပေါင်းတည်)

(Zawgyi)


ဇန်နဝါရီ ၈၊ ၂၀၂၀




ယောဟန်(ပေါင်းတည်)

ဂျပန်ဘုန်းတော်ကြီးလှူဒါန်းသော ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ


ဇန်နဝါရီ ၈၊ ၂၀၂၀။

ဂျပန်ဘုန်းတော်ကြီး တိုကို-ဂျိ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပေါင်းတည်မြို့၊ အုတ်ဖို(၁)ရပ်ကွက်၊ ၃၈ လမ်း၌ ကျင်းပခဲ့သည်။

ကျောင်းဆောင်သစ်အား သရက်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းကျောင်းတိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာအောင်၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထွန်းဇော်မိုးနှင့် အလှူရှင်(ကိုယ်စား)ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)မှ မစ္စဟီတိုရှီအီချီကာဝါတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုင်ရာ တိုင်းဒေသကြီးကော်မတီဥက္ကဋ္ဌ ဘဒ္ဒန္တဇနိန္ဒနှင့်သရက်တောဘုန်းတော်ကြီးသင်ပညာရေးကျောင်းတာဝန်ခံ ဆရာတော်ဘဒ္ဒန္တပညာဝံသတို့က သြဝါဒစကားမိန့်ကြားတော်မူပြီး မစ္စဟီတိုရှီအီချီကာဝါ မြို့နယ်ထွေ/အုပ်ဒုဦးစီးမှူး ဦးစိုးမင်းသူနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သီတာအောင်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့သည်။

အလှူရှင်၏ကိုယ်စားလှယ်တစ်ဦးက ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတန်းများအား လက်မှတ်ရေးထိုးကာ တာဝန်ခံဆရာတော်ထံသို့ လွှဲပြောင်းဆက်ကပ်ခဲ့သည်။

အဆိုပါကျောင်းဆောင်သစ်မှာ ၆၄ ပေ × ၂၅ ပေရှိ RC တစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး စာသင်ခန်း(၄)ခန်းပါဝင်ကာ လွှဲပြောင်းပေးအပ်ပွဲ၌ စာအုပ်စင်တစ်ခုနှင့် စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကိုပါ ထည့်သွင်းလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ကျောင်းဆောင်သစ်လွှဲအပ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံများတက်ရောက်ခဲ့ကြသည်။

ယောဟန်(ပေါင်းတည်)
(Zawgyi)




ဇန်နဝါရီ ၈၊ ၂၀၂၀။







ယောဟန်(ပေါင်းတည်)

မြို့တော် သန့်ရှင်းသာယာလှပဖို့ MJT နဲ့ လက်တွဲစို့


© သင့်မြို့၊ သင့်ရပ်ကွက်၊ သင့်လမ်းနဲ့ သင့်အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းလိုပါသလား MJT အမှိုက်သိမ်းဆည်းရေး ဝန်ဆောင်မှုလုပ်ငန်းကို သတိရလိုက်ပါ။

© သပ်ရပ်သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ MJT က ဝန်ဆောင်မှုပေးနေပါပြီ။

© ယာဉ်အစီးရေ ၂၀ ၊ ဝန်ထမ်းအင်အား ၉၀ ကျော်နဲ့ ရပ်ကွက်ကျေးရွာတစ်ခုကို တစ်ပတ် ၂ ကြိမ် အလှည့်ကျစနစ်နဲ့ အမှိုက်များသိမ်းဆည်းပေးလျက်ရှိပါတယ်။

© အထူးဝန်ဆောင်မှုအနေနဲ့ တနင်္ဂနွေနေ့တိုင်း အမှုက်ပုံများရှင်းလင်းခြင်းနဲ့ ပဲခူးမြို့ပေါ်မှာ ကျင်းပတဲ့ အခါကြီးရက်ကြီးနဲ့ ပွဲလမ်းသဘင်များမှာ မြို့တော်သန့်ရှင်းသာယာလှပရေးကို ဦးထိပ်ပန်ဆင်ပြီး အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှုများကို မြို့ခံလူထု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။

#MJT အမှိုက်သိမ်းဆည်းရေးဝန်ဆောင်မှုလုပ်ငန်း
စိန်သာလျောင်း ဘုရားလမ်းထိပ်၊ သနပ်ပင်လမ်းမတန်း၊ ပဲခူးမြို့။
Hotline - 09 681305644

(Zawgyi)






Hotline - 09 681305644

၂၀၁၉ ခုနှစ်အတွင်း ခွေးရူးကာကွယ်ဆေးထိုးနှံပေးရသူဦးရေ ယခင်နှစ်ထက် ၁၀၀၀ ကျော်ပိုများ





ဇန်နဝါရီ ၈၊ ၂၀၂၀။


ပဲခူးဆေးရုံကြီး၌ ခွေးရူးကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်ပြီး ၂၀၁၉ ခုနှစ်အတွင်းထိုးနှံရမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် လူဦးရေ ၁၀၀၀ ကျော် ပိုမိုထိုးနှံပေးခဲ့ရကြောင်း သတင်းရရှိသည်။

ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးရသည့်ဦးရေသည် ၂၀၁၈ ခုနှစ်အတွင်းက ၅၈၀၇ ဦးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၆၉၈၉ ဦးရှိသည့်အတွက် ဆေးထိုးနှံပေးရေသူဦးရေ ၁၁၈၂ ဦး ပိုမိုထိုးနှံခဲ့ရသည်လည်း ဖြစ်သည်။

"ခွေးကိုက်ခံရလို့ ရောက်လာတဲ့သူကို ခွေးရူးပြန်ကာကွယ်ဆေးက လေးကြိမ်ထိုးပေးရပါတယ်။ တစ်ချို့လည်း သုံးကြိမ်ထိုးကြတယ်။ ၂၀၁၈ နိုဝင်ဘာလလောက်ကစပြီး ခွေးကိုက်ခံရတဲ့ဦးရေက တဖြေးဖြေးများလာတယ်။ ကျွန်တော် မြို့နယ်စည်ပင်သာယာရေးကော်မတီတွေနဲ့တိုင်ပင်ပြီး နည်းလမ်းရှာတဲ့အခါ ခွေးလေခွေးလွင့်တွေကိုလည်း စည်ပင်ကနည်းမျိုးစုံသုံးပြီးရှင်းလင်းတယ်ဆိုတာ သိရတယ်။ ၂၀၁၉ ဇွန်လလောက်ကစပြီး ခွေးကိုက်ခံရတဲ့ဦးရေ ပြန်ကျသွားတယ်။ ဒါပေမယ့် ၂၀၁၈ နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ၂၀၁၉ မှာ ပိုများခဲ့တယ်"ဟု ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောသည်။



ခွေးကိုက်ခံရသူများအား ကာကွယ်ဆေးထိုးနှံရာတွင် ပြီးခဲ့သည့် ၂၀၁၈ က လူနာဦးရေ ၅၈၀၇ ဦးအားအကြိမ်ပေါင်း ၂၀၀၀၇ ကြိမ်အတွက် ဆေးအလုံးရေ ၁၀၁၂၉ လုံးနှင့် ၂၀၁၉ တွင် လူနာ ၆၉၈၉ ဦးရှိရာ အကြိမ်ရေပေါင်း ၂၃၂၄၃ ဖြင့်ဆေးအလုံးပေါင်း ၁၁၆၇၆ လုံး ထိုးနှံပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ပဲခူးဆေးရုံကြီးသို့ရောက်ရှိလာသော ခွေးကိုက်ခံရသူဦးရေတိုးလာခြင်းနှင့်အတူ ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးရမှု များပြားလာသည့်အတွက် ကာကွယ်ဆေးအခက်အခဲကိုလည်း လစဉ်ဖြေရှင်းနေရကြောင်း သိရသည်။

ခွေးကိုက်ခံရမှုလျှော့ချနိုင်ရေးကိုရည်ရွယ်၍ ပဲခူးမြို့နယ်စည်ပင်မှ ခွေများအားအဆိပ်ချသတ်သည့်လုပ်ငန်းများလုပ်ကိုင်ခဲ့ရာ ကန့်ကွက်မှုများရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ခွေးမျိုးပွားမှုထိန်းချုပ်နိုင်ရေး သန္ဓေတားဆေးထိုးနှံခြင်းများ လုပ်ဆောင်ခဲ့သည်။

သတင်း/ဓာတ်ပုံ - သန်းဝင်းနိုင်
(Zawgyi)




ဇန်နဝါရီ ၈၊ ၂၀၂၀။








ကျောင်းအထွေထွေလုပ်သားတစ်ဦး ကျောင်းအိမ်သာအတွင်း ဆွဲကြိုးချ သေဆုံး




ဇန်နဝါရီ ၈၊ ၂၀၂၀။

မဒေါက်မြို့ မြို့မ(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ အိမ်သာအတွင်း ဇန်နဝါရီလ ၈ ရက် နံနက် ၁၀ နာရီခွဲအချိန်က ကျောင်းအထွေထွေလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါကျောင်းဝင်းအတွင်းရှိ အိမ်သာအတွင်း လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း ကျောင်းအုပ်ဆရာမကြီး၏ ဖုန်းဆက်အကြောင်းကြားချက်အရ ညောင်လေးပင်မြို့မရဲစခန်းမှူး၊ မဒေါက်ရဲကင်းစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကျောင်းအထွေထွေလုပ်သားဖြစ်သူ လင်းနိုင်(၃၂ နှစ်)၊ (ဘ)ဦးစိန်ပေါ မြို့မ(၂)ရပ်ကွက်၊ မဒေါက်မြို့နေသူဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူသည် အမြင့် (၇)ပေခန့်ရှိသော အိမ်သာထုတ်တန်းတွင်း အရှည်(၁၈)ပေ၊ လုံးပတ်(၃)မူးလုံးခန့်ရှိသော အစိမ်းရောင်ပီနံကြိုးဖြင့် ကြမ်းပြင်မှ (၁)ပေ(၆)လက်မခန့်အကွာတွင် မျက်လုံးပြူး၊ လျှာထွက်၊ လက်များကုတ်‌ကွေး၊ သုတ်ထွက်လျက် လည်ပင်းကြိုးပွန်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းက ဆိုသည်။

ကျောင်းအုပ်ဆရာမကြီးအား ‌မေးမြန်းရာ  ၎င်းအပေါ့သွားရန် အိမ်သာသို့သွားရောက်စဉ် အိမ်သာအတွင်း၌ လင်းနိုင်ကြိုးဆွဲချသေဆုံး‌နေသည်ကို‌‌ ‌တွေ့ရခြင်းခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်‌လေးပင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၂၀ ဖြင့် အမှုဖွင့်ထားရှိကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - မြတ်သူ

(Zawgyi)


ဇန်နဝါရီ ၈၊ ၂၀၂၀။






သတင်း/ဓာတ်ပုံ - မြတ်သူ

တီဗီကြည့်ရင်း ညီအစ်ကိုချင်းပြန်သတ်သည့်အမှုမှ တရားခံဟုဆိုသူ ရဲစခန်းသို့လာရောက် အဖမ်းခံ




ဇန်နဝါရီ ၈၊ ၂၀၂၀။

တီဗီကြည့်ရင်း ညီအစ်ကိုချင်းပြန်သတ်သည့်အမှုမှ တရားခံဆိုသူသည် ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့မရဲစခန်းသို့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ကြောင်း သတင်းရရှိသည်။

တည်မြို့နယ် ကိုယ်ဝန်ဆောင်အုပ်စု၌ ဇန်နဝါရီလ ၁ ရက်နေ့ညက အန္ဒိယရုပ်ရှင်ဇာတ်လမ်းတွဲအား ညီအကိုနှစ်ယောက်တူကြည့်နေစဉ် အစ်ကိုဖြစ်သူက ၎င်း၏ညီကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ပြီး တိမ်းရှောင်နေခဲ့ခြင်း ဖြစ်သည်။

အဖမ်းသူသည် ရာဇာထွန်း(၂၅ နှစ်)ဆိုသူဖြစ်ပြီး ၎င်းသည် အခင်းဖြစ်ပြီးတိမ်းရှောင်နေရာမှ ကျေးရွာသားများနှင့် ပေါင်းတည်မြို့မစခန်း၏စည်းရုံးမှုနှင့် ကိုယ်တိုင်လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း ခန်းမှူး ဒုရဲမှူးမြင့်သိန်းက ပြောသည်။

အထက်ပါဖြစ်စဉ်ကြောင့် ညီဖြစ်သူအား ဓားဖြင့်ထိုးသတ်ခဲ့သူ ရာဇာထွန်းအား အရေးယူပေးရန်မိခင်မှတိုင်ကြားသဖြင့် ပေါင်းတည်မြို့မရဲစခန်းမှ (ပ)၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင်းထားသည်။

ရာဇာထွန်းသည် ၎င်းအားစွဲဆိုထားသောအမှုအား ပြည်ခရိုင်တရားသူကြီးရုံး၌ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အမ်အက်စ်အေ
ဓါတ်ပုံ - စိုက်ထိုး
#BagoPost
#လူသတ်မှု #ကိုယ်ဝန်ဆောင်ကျေးရွာ #ပေါင်းတည်

(Zawgyi)

တီဗီကြည့်ရင်း ညီအစ်ကိုချင်းပြန်သတ်သည့်အမှုမှ တရားခံဟုဆိုသူ ရဲစခန်းသို့လာရောက် အဖမ်းခံ

ဇန်နဝါရီ ၈၊ ၂၀၂၀။

တီဗီကြည့်ရင်း ညီအစ်ကိုချင်းပြန်သတ်သည့်အမှုမှ တရားခံဆိုသူသည် ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့မရဲစခန်းသို့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ကြောင်း သတင်းရရှိသည်။

တည်မြို့နယ် ကိုယ်ဝန်ဆောင်အုပ်စု၌ ဇန်န၀ါရီလ ၁ ရက်နေ့ညက အန္ဒိယရုပ်ရှင်ဇာတ်လမ်းတွဲအား ညီအကိုနှစ်ယောက်တူကြည့်နေစဉ် အစ်ကိုဖြစ်သူက ၎င်း၏ညီကို ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ပြီး တိမ်းရှောင်နေခဲ့ခြင်း ဖြစ်သည်။

အဖမ်းသူသည် ရာဇာထွန်း(၂၅ နှစ်)ဆိုသူဖြစ်ပြီး ၎င်းသည် အခင်းဖြစ်ပြီးတိမ်းရှောင်နေရာမှ ကျေးရွာသားများနှင့် ပေါင်းတည်မြို့မစခန်း၏စည်းရုံးမှုနှင့် ကိုယ်တိုင်လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း ခန်းမှူး ဒုရဲမှူးမြင့်သိန်းက ပြောသည်။

အထက်ပါဖြစ်စဉ်ကြောင့် ညီဖြစ်သူအား ဓားဖြင့်ထိုးသတ်ခဲ့သူ ရာဇာထွန်းအား အရေးယူပေးရန်မိခင်မှတိုင်ကြားသဖြင့် ပေါင်းတည်မြို့မရဲစခန်းမှ (ပ)၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင်းထားသည်။

ရာဇာထွန်းသည် ၎င်းအားစွဲဆိုထားသောအမှုအား ပြည်ခရိုင်တရားသူကြီးရုံး၌ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အမ်အက်စ်အေ
ဓါတ်ပုံ - စိုက်ထိုး
#BagoPost
#လူသတ်မှု #ကိုယ်ဝန်ဆောင်ကျေးရွာ #ပေါင်းတည်

Tuesday, January 7, 2020

ဆွမ်းချက်သည့်ကိစ္စ စကားအခြေအတင်ဖြစ်ရာမှ ပေါက်တူးဖြင့် ခုတ်သတ်



ဇန်နဝါရီ ၆၊ ၂၀၂၀။
ဆွမ်းချက်သည့်ကိစ္စ စကားအခြေအတင်ဖြစ်ရာမှ ပေါင်းတူးဖြင့် ခုတ်သတ်မှု တောင်ငူမြို့နယ် ထုံးဘိုနယ်မြေရဲစခန်းအပိုင်၌ ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီလ ၆ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ဦးမောင်မောင်(၇၂ နှစ်)၊ ဒိုးသောင်ကျေးရွာ၊ တောင်ငူမြို့နေသူနှင့် ဇနီးဖြစ်သူ ဒေါ်အုံးရီ(၆၈ နှစ်)တို့သည် ဒိုးသောင်ကျေးရွာ၊ ပဇ္ဇောတကျောင်းတိုက်၌ ဦးစိုးသိန်း(၄၄ နှစ်)၊ သာယာကုန်းကျေးရွာ၊ အုတ်တွင်းမြို့နေသူအား ဆွမ်းချက်သည့်ကိစ္စအား ပုံမကျ၍ ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။
ဦးစိုးသိန်းက ထိုသို့ပြောဆိုသည်ကို မကျေမနပ်ဖြစ်ပြီး ဆွမ်းချက်ဆောင်ဘေးရှိ ပေါက်တူးအားယူ၍ ဦးမောင်မောင်အားခုတ်စဉ် ဝင်တားသည့် ဒေါ်အုန်းရီအား ထပ်မံခုတ်ခဲ့သည်။
ပေါက်တူးဖြင့်ခုတ်ခံရမှုကြောင့် ဒေါ်အုန်းရီ၏ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ(အတွင်းလူနာ/စိုးရိမ်ရ)နှင့် ဦးမောင်မောင်၌ ဦးခေါင်းနောက်စေ့၊ ဝဲ/ယာ လက်ဖျံ ပြတ်ရှဒဏ်ရာ(အတွင်းလူနာ/စိုးရိမ်ရ)တို့ရရှိခဲ့ပြီး ၎င်းတို့နှစ်ဦးအား တောင်ငူဆေးရုံသို့ တင်ပို့ကုသစဉ် ဦးမောင်မောင်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အမှုမှ တရားခံဟုဆိုသူ ဦးစိုးသိန်းအား ထုံးဘိုနယ်မြေရဲစခန်းမှ (ပ)၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊၃၂၆ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Bago Post
(Zawgyi)
ဆွမ်းချက်သည့်ကိစ္စ စကားအခြေအတင်ဖြစ်ရာမှ ပေါက်တူးဖြင့် ခုတ်သတ်
ဇန်နဝါရီ ၆၊ ၂၀၂၀။


Bago Post